ဒီကားအမျိုးအစားကိုတော့ ၁၉၉၁-၁၉၉၇ မှာတစ်ကြိမ်၊ ၁၉၉၇-၂၀၀၂ မှာတစ်ကြိမ်၊ ၂၀၁၀ကနေ လက်ရှိအချိန်ထိ တစ်ကြိမ် (၃)ကြိမ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အကြီးစား ဂျပန် ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ မစ်ဆူဘီရှီကနေ ထုတ်လုပ်တာဖြစ်ပြီး ယခုတစ်ခေါက် မိတ်ဆက်ပေးမှာကတော့ ၂၀၁၀ ခုနှစ်မှာ ထုတ်တဲ့ တတိယမျိုးဆက်ဖြစ်ပါတယ်။
အင်ဂျင်ပါဝါ (၁.၈) ရှိပါတယ်။ ကားကတော့ (4)wheel type နဲ့ (2) wheel type (၂)မျိုးလာပါတယ်။ အင်ဂျင်စက်နှိုးတဲ့အခါ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်တာနဲ့အညီ push startကို အသုံးပြုလို့ ရပါတယ်။ pajero တို့လိုမျိုး (4)wheel type အမြင့်ဖြင့်တဲ့အတွက် မြန်မာနိုင်ငံနဲ့ သင့်တော်ပါတယ်။ လူငါးဦး ချောင်ချောင်ချိချိ စီးနိုင်ပြီး အဓိကကတော့ အင်ဂျင်ပါဝါ (၁.၈)ဖြစ်တာကြောင့် ဆီစားနှုန်း သက်သာတာပါပဲ။
ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံး ကားအမျိုးအစားတစ်ခု ဖြစ်နေပြီး မာကြော ကျစ်လစ်တယ်လို့ ဆိုပါတယ်။ အရောင်ကတော့ လက်ရှိမှာ နက်ပြာ (Dark Blue)နဲ့ ခဲရောင် (Gray) တို့ကို လူကြိုက်များ ပါတယ်။ ဓါတ်ဆီအမျိုးအစား (petrol type) ဖြစ်ပြီး (၁)ဂါလံကို ကီလိုမီတာ (၄၀) ကနေ (၄၅)အကြား ထွက်ပါတယ်။
ဈေးနှုန်းကတော့ သိန်း (၃၇၀)နဲ့ (၃၈၀)ကြားဖြစ်ပြီး နောက်ဆုံးပေါ် မော်ဒယ်အမြင့် ကြိုက်နှစ်သက် တယ်ဆိုရင်တော့ ဈေးနှုန်းလဲသင့်တင့်ပြီး စီးသင့်တဲ့ကားဖြစ်ပါတယ်လို့ အောင်ကမ္ဘာ ကားရောင်းဝယ်ရေးမှ အရောင်းတာဝန်ခံ “ကိုငယ်” က အကြံပေးပြောကြားသွားပါတယ်။
ရရှိနိုင်တဲ့နေရာတွေကတော့ –
AUNG GABAR- အရောင်းပြခန်း (၂) ၊ အမှတ်(၉၅)၊ ဗညားဒလလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။
AUNG GABAR – အရောင်းပြခန်း (၃) ၊ အမှတ်(၁၀၈)၊ ကမာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းဒေါင့် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။ ဖုန်း – ၀၁-၅၅၅၈၈၁ တို့မှာ စုံစမ်းနိုင်ပါတယ်။