Converse All Star ၀တ်ဆင်နည်း အသစ်

barneys-converse-all-star-chuck-taylor-patent-2.jpg

(၁)   အခုလိုညဘက်ပါတီမှာအမုန်းဆွဲပြီး ကဲတော့မယ်ဆိုရင် All Star ကို ဘောင်းဘီတိုနဲ့ရှပ်အင်္ကျံတွဲဝတ်ပြီး အပေါ်က လည်သာကုတ်တစ်ထည် ထပ်လိုက်ပါ။ ဒါကတော့ ရေရေလည်လည်လန်းတဲ့ စတိုင်ပေါ့။ ကနေတဲ့အခါ မူးပြီး ချော်လဲမှာလည်း ပူစရာမလိုတော့ဘူးလေ ။

(၂)   ခရီးအနီး၊အဝေး ထွက်တော့မယ်ဆိုရင် ဘေးလွယ်အိတ်တစ်လုံးတော့ လွယ်ရမှာပေါ့။ ရာသီဥတုအေးတဲ့နေရာတွေကို သွားတော့မယ်ဆိုရင် လည်သာတဘက်နဲ့ အနည်းငယ် ၀န်ပိတဲ့ပုံပေါက်နေတဲ့ကြားထဲမှာ ဒေါက်ဖိနပ်နဲ့ အခန့်မသင့်ရင်ကြည့်ရတာ မသက်မသာ ဖြစ်တတ်ပါတယ်။ ဒီတော့ဘောင်းဘီဆွဲသားတစ်ထည်နဲ့ All Star တစ်ရံကိုသာ တွဲဝတ်လိုက်ပါ။

(၃)ဒေါက်ဖိနပ်တော့ ဘယ်လိုမှ စီးလို့အဆင်မပြေတော့ပါဘူးဆိုတဲ့ မိခင်လောင်းတွေ အနေနဲ့လည်း သက်တောင့်သက်သာနဲ့ စတိုင်ကျစေမယ့် ၀တ်ဆင်နည်းပါပဲ။ အခုလိုကွာတားပင်န်တွေနဲ့လည်း စိတ်ချလက်ချ တွဲဝတ်လို့ရပါတယ်။

(၄)   ရီဟားနားက ဂါဝန်ကို အပေါ်က ရက်ပ်ပါအနွေးထည် ထပ်ဝတ်ထားပါတယ်။ ဒီနေရာမှာ ဒေါက်ဖိနပ်တစ်ရန်နဲ့သာ တွဲဝတ်လိုက်မယ်ဆိုရင် တော်တော် အထာမကျတဲ့ပုံ ဖြစ်သွားနိုင်ပါတယ်။ အခုလို All Star နဲ့တွဲဝတ်လိုက်တော့ ကပိုကရိုနဲ့ချစ်စရာပုံစံလေး ရသွားပြန်ပါတယ်။

(၅)   ကဲ ..ဘယ်လောက်လန်းလိုက်သလဲ။ ဂါဝန်ပေါင်လယ်လောက်လေးကို All Star လည်တိုနဲ့ တွဲဝတ်ထားတာ ။ ကာလာတူဖို့တော့သတိထားဦးနော်။

(၆)   ရှော့ပင်ထွက်တော့မလား ။ ဒေါက်ဖိနပ်နဲ့ဈေးပတ်ဝယ်နေရင်တော့ လိုချင်တာကို အချိန်အများကြီးပေးပြီး မရှာနိုင်ဘူးနော်။ All Starနဲ့ဆိုတော့ စတိုင်လ်ကျပြီး ခြေထောက်ညောင်းသက်သာတာပေါ့ ။ အခုလို ဂျင်းပန် ခပ်မိုက်မိုက်တစ်ထည်ရှာပြီးတော့သာ တွဲဝတ်လိုက်ပါ။

Ref:Moda Mob

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.