အာဆင်နယ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ ရဲ့ တောင်ပံကစားသမား သီယိုဝေါလ်ကော့ဟာ FA Cup တတိယအဆင့်မှာ တော့တင်တမ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဝေါလ်ကော့ ဟာ ဒီဒဏ်ရာကြောင့် အနည်းဆုံး ခြောက်လ လောက် အနားယူရမှာဖြစ်တဲ့အတွက် ဒီရာသီပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်အားလုံး နဲ့  လာမယ့်ကမ္ဘာ့ဖလားပွဲစဉ်တွေကိုပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။
ဝေါလ်ကော့ဟာ ကမ္ဘာ့ဖလားပွဲဝင် အင်္ဂလန်အသင်းရဲ့ အားထားရတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပြီး အခုလို ဒဏ်ရာရရှိသွားခြင်းက အင်္ဂလန်အသင်းအတွက်ပါ နစ်နာမှုရှိမှာ အမှန်ပါပဲ။ သီယိုဟာ အင်္ဂလန်လက်ရွေးစင် အသင်းတစ်မိုင်းတစ်လျှောက် အသက်အငယ်ဆုံးလက်ရွေးစင်ကစားသမားတစ်ဦးအဖြစ် စံချိန်တင်ထားပြီး ပထမဦးဆုံးပွဲစဉ်အဖြစ် ၂၀၀၆ ၊ မေလ ၃၀ ရက်နေ့  ဟန်ဂေရီအသင်းနဲ့ ပွဲစဉ်မှာ မိုက်ကယ်အိုဝင် အစား လူစားဝင်ကစားခဲ့စဉ်က အသက် ၁၇ နှစ်နဲ့ ၇၅ ရက်ပဲ ရှိပါသေးတယ်။
နောက်ဆက်တွဲသတင်းအနေနဲ့ ဘောလုံးအဖွဲ့ ချုပ်ဟာ ဝေါလ်ကော့ အခုလိုဒဏ်ရာပြင်းထန်စွာရရှိသွားတာကို ထောက်ငဲ့ပြီး လွန်ခဲ့တဲ့စနေနေ့ က စပါး ပရိသတ်တွေကို ဝေါလ်ကော့ လက်သင်္ကေတ နဲ့ စော်ကားသလို ပြုမူခဲ့တာကို အရေးမယူသွားဘူးလို့ ဆိုပါတယ်။ ဝေါလ်ကော့ဟာ စနေနေ့ က စပါးနဲ့ FA ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲတုန်းက အရမ်းနာကျင်နေတဲ့ပုံမပြခဲ့ဘဲ စပါးပရိတ်သတ်တွေကို ၂-၀ ဆိုတဲ့ ပုံစံကိုတောင် လက်ထောင်ပြီး လုပ်ပြခဲ့ပါသေးတယ်။
Ref: bbc.co.uk