သရုပ်မဆောင်ဖူးသေးပေမယ့် သရုပ်ဆောင်ဖို့အတွက် ယုံကြည်မှုအပြည့်ရှိတယ်ဆိုတဲ့ “နန်းခေးမား”

img_9921_resize.jpg

ပိန်ပိန်သွယ်သွယ်နဲ့ ကြည့်ကောင်းလွန်းလှတဲ့ မော်ဒယ်နန်းခေးမားကတော့ သရုပ်ဆောင်လိုင်းဘက်ကို ကူးလိုက်တာကြောင့် သူနဲ့တွေ့တုန်းတွေ့ခိုက် သရုပ်ဆောင်ဖြစ်လာပုံလေးကို မေးကြည့်ရင်း လတ်တလော အနုပညာ လှုပ်ရှားမှုလေးတွေကိုပါ မေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့

“နန်းခေးမား အခုလတ်တလောမှာ ဓာတ်ပုံရိုက်ဖြစ်နေပါတယ်၊ ပြီးတော့ရှိုးလျှောက်ဖို့ရှိမယ်၊ ဇာတ်ကားတစ်ကား ရိုက်ဖို့ရှိပါတယ်။ သရုပ်ဆောင်ဘက်ကူးဖြစ်သွားတာကတော့ ကိုနေတိုးနဲ့ ကိုကျော်ကျော်ဗိုတို့က “အိန်ဂျယ်လ်လက်တစ်ကမ်း” ဆိုတဲ့ဇာတ်ကားရိုက်ဖို့ရှိတယ်ပေါ့။ အဲဒီအတွက် သရုပ်ဆောင်တွေခေါ်နေတယ်ဆိုလို့  ညီမလည်းကိုယ့်အတွက် အခွင့်အရေး တစ်ခုပဲဆိုပြီး သွားလျှောက်ဖြစ်ခဲ့ရင်း လူအများကြီးထဲမှာမှ အခုလို ညီမကရွေးချယ်ခံခဲ့ရတာပါ၊ ဒီဇာတ်ကားမှာညီမက “အိန်ဂျယ်လ်” အဖြစ်သရုပ်ဆောင်ပေးရမှာပါ၊ ဒီ“အိန်ဂျယ်လ်လက်တစ်ကမ်း” ရိုက်ပြီးရင် နောက်ထပ်ဇာတ်ကားတွေမှာ ထပ်ပြီးရိုက်ဖြစ်မယ်၊ မရိုက်ဖြစ်ဘူးကတော့ အခုချိန်မှာ ညီမအနေနဲ့မပြောတတ်သေးဘူးပေါ့နော်၊ ညီမကို သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး လေ့လာဖို့နိုင်ငံခြားဇာတ်ကားတစ်ကား ပေးထားတာရှိတယ်။ ဇာတ်ကားက တော်တော်ကိုကြာနေပြီ။ အနှစ်၂၀လောက်တောင် ရှိလောက်ပြီထင်ပါတယ်။ ပြီးတော့ဇာတ်ညွှန်းလဲပေး ထားပြီးပါပြီ။ သရုပ်ဆောင်တာကို “နန်းခေးမား” အရင်ကသိပ်စိတ်မ၀င်စားခဲ့ဘူး။ ဟိုးအရင် စလုပ်ခဲ့ချိန်ကတည်းက အဓိကအနေနဲ့ မော်ဒယ်လ်တစ်ယောက်၊ photo မော်ဒယ်အဖြစ်နဲ့ ဦးစားပေးပြီးလုပ်ခဲ့တာပါ။ နန်းခေးမားက သူများတွေလောက်သိပ်ပြီးမရိုက်ဖြစ်ဘူး၊ လှုပ်ရှားမှုနည်းရတဲ့ အကြောင်းအရင်းကတော့ ဓာတ်ပုံတွေလောက်ပဲ ကိုယ်ကရိုက်ချင်တာ၊ ရှိုးတွေကိုပဲလျှောက်ချင်ခဲ့တာလေ။ အဓိက ဒီမြန်မာပြည်မှာက မော်ဒယ်လ်ဆိုရင် လူတွေကသိပ်ပြီး မသိကြဘူး၊ ကြော်ငြာတွေ၊သရုပ်ဆောင်တွေဘက်ကူးပြီး လုပ်ကြတဲ့သူတွေလောက်ပဲ သိကြတာဆိုတော့ နန်းခေးမားကိုလဲ တီဗွီကြော်ငြာတွေမှာ သရုပ်ဆောင်တာကို မတွေ့ရတဲ့အတွက် လှုပ်ရှားမှုနည်းတယ်ဆိုပြီး မြင်သွားကြတာနေမှာပါ။ နန်းခေးမားက တစ်ခါမှ သရုပ်မဆောင်ဖူးသေးပေမယ့် ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှုအပြည့်ထား ထားပါတယ်”လို့ ဆိုသွားပါတယ်။

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.