A Little Peace EP ကိုထုတ်လိုက်ပြီဖြစ်တဲ့ Plug In Stereo

plug_in_stereo_press.jpg

 

Atlantic Records ရဲ့တေးရေးတေးဆို Trevor Dehl (Plug In Stereo လို့လည်းလူသိတဲ့) ဟာ သူ့သီချင်း ၆ ပုဒ်ပါတဲ့ EP A Little Peace နဲ့အတူနှစ်သစ်ကိုစတင်လိုက်ပါပြီ။ အဲဒီ့ထဲမှာတော့ Megan နဲ့ Liz တို့ featuring လုပ်ထားတဲ့ single သီချင်း “To Be Wanted” ပါဝင်ပါတယ်။

ဒီ Portland နယ်သားကောင်လေးဟာ အသက် ၁၂ နှစ်သားကတည်းက အိပ်ခန်းထဲမှာသီချင်းတွေသွင်းလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ Dashboard, Confessional တို့လိုအနုပညာရှင်တွေနဲ့ နယ်လှည့်ဖျော်ဖြေ၊ Cady Grooves တို့လိုအဆိုတော်တွေနဲ့ အလုပ်တွဲလုပ်ပြီး One Direction ရဲ့သီချင်း Truly Madly Deeply မှာ ပူးပေါင်းရေးစပ်ခဲ့တဲ့ နာမည်ကောင်းတွေလဲရခဲ့တာဖြစ်ပါတယ်။

A Little Peace မှာတော့ ဘာပဲပြောပြော အသက် ၂၀ အရွယ် အဆိုတော်ဟာ “Don’t Say Goodnight” နဲ့ Home Soon တို့လိုသီချင်းသစ်တွေကို မွေးဖွားပေးနိုင်ခဲ့တဲ့ စိတ်ခံစားမှုဆန်ဆန် သီချင်းရေးဟန်ဘက်ကို ကြိုးစားပြီး ကူးပြောင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

“ ဒီအသံသွင်းရတဲ့လုပ်ငန်းကတော့ အရင်ကလုပ်ခဲ့ဖူးတာနဲ့မတူပါဘူး။ ဒါဟာ ကောင်းမွန်ပြီးသဘာဝကျတဲ့ အတွေ့အကြုံတစ်ခုပါ။ ပြီးတော့ ကျွန်တော်ဒီ EP အတွက် လိုအပ်နေတဲ့အတွေးအမြင်တစ်ခုပါ။ ပြီးတော့ကျွန်တော့် ဂီတဆိုင်ရာ style အတွက် နောက်ထပ်အခန်းသစ်ပေါ့။ အချို့သီချင်းတွေအတွက် အတူအသံသွင်းဖို့ လူမှန်နေရာမှန်ကို ကျွန်တော်ထိုင်စောင့်နေခဲ့တာ” လို့ Plug In Stereo ကပြောပါတယ်။

Ref:billboard

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.