အမေရိကန် ပေါ့ပ်အဆိုကျော် ကေတီပယ်ရီ (Katy Perry)ဟာ ၂၀၁၀ ခုနှစ်က နယူးယောက်မြို့ ၊ မက်ထရိုပိုလီတန် အနုပညာ ပြဇာတ်ရုံမှာကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ရာမှာ ကော်ဇောနီပေါ်မှာ အလွန်ပဲ တောက်ပနေခဲ့ပါတယ်။ တောက်ပတယ်လို့ ဆိုခဲ့တဲ့အတိုင်း အဟုတ်ကို တောက်ပနေတာပါ ။ အကြောင်းရင်းကတော့ သူမရဲ့ အကျီမှာ LED မီးတွေ တပ်ဆင်ထားလို့ပါပဲ ။
လန်ဒန် အခြေစိုက်ကုမဏီတစ်ခုဖြစ်တဲ့ Cute Circuit ရဲ့လက်ထွက် ပုခုံးပြတ် ဂါဝန်မှာ LED မီးသီးကို ၀တ်စုံအောက်မှာဖျောက်ပြီး ထည့်ထားတာပါ။ ဒီမီးသီးက ပန်းရောင် ၊ အပြာ ၊ အစိမ်းနဲ့ အ၀ါ တစ်လှည့်စီပြောင်းပြီး လင်းနေပါတယ်။ အဲဒီညမှာ အားလုံးချောချောမောမောနဲ့ ပြီးဆုံးသွားဖို့ကို မ၀တ်ခင်ကတော့ သိပ်ပြီး မမျှော်လင့်ရဲခဲ့ပါဘူးလို့ Cute Circuit’s ရဲ့ ဒါရိုက်တာနဲ့ တာဝန်ရှိသူ Ryan Getz တို့က ပြောကြားခဲ့ပါတယ်။ သူတို့က ဒီအကျီအမှာစာကို ပွဲမတိုင်မီ တစ်ပတ် အလိုကမှ ရရှိခဲ့တာဖြစ်ပြီးတော့ ၀တ်စုံမှာပါတဲ့ မီးတွေဟာ ခါးလယ်ပိုင်းကနေ အထက်ကို တက်သွားအောင်လို့ အချိန်အတော်ကြာအောင် လုံးပမ်းခဲ့ရပါတယ်။ ပြီးတော့ ကေတီပယ်ရီက အရောင်ပြောင်းတဲ့ အရှိန်နှုန်းကိုလဲ သူမစိတ်ကြိုက် အတိုင်းအတာ တောင်းဆိုထားပါသေးတယ်။
Getz နဲ့ ကေတီတို့ဟာ စင်္ကာပူနိုင်ငံရဲ့ ရေခဲမုန့်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Magnumရဲ့ ပန်းရောင်နဲ့အနက်ရောင် ရေခဲမုန့်ထုတ်ကုန် အထိမ်းအမှတ် ဖွင့်ပွဲမှာ ဖျော်ဖြေဖို့အတွက် ပန်းရောင်နဲ့ အနက်ရောင် LEDမီးလုံးတွေပါဝင်တဲ့ ၀တ်စုံကို တီထွင်ဖို့ စင်္ကာပူကို ရောက်နေကြပါတယ်။ ဒီပွဲကိုတော့ စင်္ကပူနိုင်ငံ Central Fountain Squareမှာ ကျင်းပခဲ့တာပါ။ အီတလီဒီဇိုင်နာ Rosella နဲ့ အမေရိကန် ဒီဇိုင်နာ Getzတို့ဟာ အီတလီနိုင်ငံ Interaction Design Institute ကနေပြီး ကျောင်းပြီးခဲ့ သူတွေပါ။ သူတို့နှစ်ဦးစလုံးဟာ ဖက်ရှင်နဲ့ နည်းပညာကိုပေါင်းစပ်တဲ့ ဒီဇိုင်းမျိုးမှာ အထူး စိတ်ဝင်စားခဲ့ကြသူတွေပါ။ Rosella ကတော့ နာမည်ကျော် တံဆိပ်တွေဖြစ်တဲ့ Valentino နဲ့ Esprit တို့ရဲ့ ဒီဇိုင်နာ လုပ်ခဲ့သူပါ။ သူမအပြောအရ “ကျွန်မတို့ရဲ့ အမြင်က ရိုးရှင်းပါတယ် ။ ၀တ်လို့ရနိုင်တဲ့ နည်းပညာရဲ့ အကူအညီကိုယူပြီး ဒီဂျစ်တယ် ဖက်ရှင်ပုံစံမျိုး ပြသနိုင်အောင်ပဲ စဉ်းစားခဲ့တာပါ”လို့ ဆိုပါတယ်။
ဒီဝတ်စုံမှာတော့ ၂ မီလီမီတာ ပတ်လည်ရှိတဲ့ စက္ကူလိုမျိုးအပြားလေးတွေ ဖြစ်ပြီး ပိုးသားနဲ့ မိုက်ခရိုဖိုက်ဘာ အလွှာကြားထဲမှာ ထည့်ထားတာဖြစ်ပါတယ်။ ဗို့အား နည်း LED မီးတွေဟာ သေးငယ်တဲ့ဘက်ထရီလေးတွေနဲ့ အားထည့်ထားပြီး အားသွင်းဖို့ USB အပေါက်ပါပြီး via phone application နဲ့ ထိန်းချုပ်နိုင်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အသင့်ဝတ်နိုင်တဲ့ LED တန်ဆာဆင်တီ-ရှပ်တွေ ၊ ပွဲတက်ဝတ်စုံတွေ ၊ စကတ်တွေနဲ့ ဆင်ဆာနည်းပညာပါတဲ့ အသားကပ် ခြေအိပ်ရှည်တွေပါ ထုတ်လုပ်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ ယူရိုငွေ ၁၃၀ ကနေပြီး ၅၀၀၀ အထိ အစားစားရှိပါတယ်။
နောက်ပိုင်းမှာ ဒီအကျီအသုံးပြုသူတွေဟာ ဒီ့ထက်ပိုပြီး တွင်ကျယ်ဖို့ရှိပါတယ်။ “အခုကစပြီး နောက် နှစ် ၂၀ ဒါမှမဟုတ် ၃၀ လောက်အကြာမှာ နည်းပညာတွေ ဒီ့ထက်တိုးတက်လာပြီး ၀တ်ဆင်ရတာ အခုထက်ပိုအဆင်ပြေလာနိုင်ပါတယ်။ ပြုတ်ကျ၊ကွဲကြေနိုင်တဲ့ အရာတွေကလွဲပြီးတော့ ကျန်တာတွေအားလုံးဟာ ကျွန်မတို့ ကိုယ်ခန္ဓာနဲ့ တွဲဖက်တန်ဆာဆင်လာနိုင်ပါလိမ့်မယ်”လို့ Rosella က ပြောကြားသွားပါတယ်။
Ref:herworldPlus