နာမည်ကျော်တွေမှာ များသောအားဖြင့် သူတို့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစားဟာ သိသိသာသာ ကွဲပြားသွားတာမျိုး မရှိပါဘူး။ ဒါပေမယ့် အခုဖော်ပြပေးမယ့် သူတွေကတော့ သူတို့ရဲ့အရင်ပုံစံနဲ့ သိသိသာသာ ကွဲပြား ခြားနားသွားပြီး အဲ့ဒီအတွက်လည်း ပလပ်စတစ်ဆာဂျရီကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်တဲ့။
(၁) Megan Fox
ဟောလီးဝုဒ်စတားတစ်ဦးဖြစ်တဲ့ Megan Fox ဟာ သူမရဲ့ ယခင်သွင်ပြင်နဲ့ လုံးဝ ခြားနားသွားပါတယ်။ နှာခေါင်းဆိုင်ရာ အထွေထွေပြင်ဆင်ခြင်း ၊ မျက်ခွံခွဲစိတ်ခြင်း၊ အသားအရေ တင်းရင်းဖို့ ဘိုတော့စ် ထိုးခြင်းအပြင် အခြားအရာတွေပါ ပြင်ထား ပါတယ်။ ကုန်ကျမှုကတော့ အမေရိကန်ဒေါ်လာ ၆၀၀၀၀ လောက် ရှိပါတယ်တဲ့။
(၂) Lil’ Kim
ခပ်ကြမ်းကြမ်း rapတွေ ရွတ်လေ့ရှိပြီး သူမရဲ့စာသားတွေနဲ့ လူတွေကို ရှော့ခ်ရိုက် သွားစေနိုင်ပါတယ်။ သူမကတော့ နဂိုရှိ ထားတဲ့ သဘာဝဆန်တဲ့မျက်နှာကို ဖန်တီး ပြုလုပ်ထားတဲ့ မျက်နှာပုံစံမျိုး ပေါ်လွင်အောင် လုပ်လိုက်တာပါ။ သူမ ပြင်ထား တာတွေကတော့ ပါးနဲ့မေးရိုး မြှင့်ထားပါတယ်။ မျက်ခွံ ဆာဂျရီလုပ်ထား ပါတယ်။ ပြီးတော့ မျက်နှာအသားအရေကို ပိုလင်းအောင် ပြုပြင်ထားပါတယ်။
(၃) Hilary Duff
သရုပ်ဆောင် အဆိုတော် Hilary Duff ကတော့ ‘Lizzie McGuire’ ထဲကချစ်ဖို့ကောင်းတဲ့ ကလေးသရုပ်ဆောင်ဖြစ်ပြီး အခုတော့ မိခင်ငယ်တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့မျက်နှာကို ငယ်ရွယ်ပြီး လတ်ဆတ်နေစေဖို့ botoxထိုးထားပါတယ်။ မမျှော်လင့်စွာနဲ့ပဲ သူမရဲ့ အလှအပဆိုင်ရာဆေးဝါးက သူမရဲ့ အမှတ်အသား တစ်ခုဖြစ်တဲ့ အပြုံးလှလှလေးကို မသိမသာ တွန့်ကွေးသွားစေပါတယ်။ ကံကောင်းတာကတော့ သူမဟာ botoxကို လိုအပ်မှသာ ထိုးတာဖြစ်ပြီး နောက်ပိုင်းမှာ ရှောင်ကျဉ်သွားနိုင်တယ်လို့ သိရပါတယ်။
(၄) Donatella Versace
သူမကတော့ အောင်မြင်ပြီး နာမည်ကြီးတဲ့ ဖက်ရှင်ဒီဇိုင်နာပါ။ ဒါပေမယ့် သူမရဲ့ အောင်မြင်မှုဟာ သူမရဲ့ရုပ်ရည်ပေါ်မှာ မူတည်မနေဘူးဆိုတာတော့ ပေါ်လွင် သိသာစေပါတယ်။ ပင်ကိုယ်ရုပ်ရည်ကတော့ အများစုမှာ ရှိတတ်တဲ့ ရုပ်ရည်မျိုးပါပဲ။ ပလက်စတစ်ဆာဂျရီလုပ်ပြီးတဲ့အခါမှာတော့ နဂိုရုပ်ရည်ကနေ တော်တော်လေး ကွဲထွက်သွားပါတယ်။ သူမ ဘယ်နှစ်ကြိမ် လောက်များ ဆာဂျရီလုပ်ထားလဲဆိုတာ ဘယ်သူမှ တိတိကျကျမသိနိုင်ပါဘူး။ သေချာတာကတော့ မျက်နှာ ပင့်ချုပ်ထားခြင်း၊ နှုတ်ခမ်းခွဲခြင်း (သို့) ဆေးထိုးထားခြင်းနဲ့ နှာခေါင်းပြင်ထားခြင်းတွေပါပဲ။ သူမ တော်တော် များများ ပြင်ထားဦးမယ်ဆိုတာတော့ ခန့်မှန်းလို့ရပါတယ်။
(၅) Heidi Montag Pratt Heidi Montag Pratt
သူမကတော့ The Hill ဇာတ်လမ်းတွဲနဲ့ နာမည်ရလာသူပါ။ သူမကတော့ မျက်နှာထက် ခန်္ဓာကိုယ်ကို ပြုပြင်ဖို့ အရင်ဆုံး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူမရဲ့ အသွင်အပြင်ဟာ လုံးဝခြားနားသွားပြီး နှစ်အနည်းငယ်အတွင်းမှာပဲ နည်းလမ်း (၁၀)မျိုး လောက် ကြိုးစားထားပါတယ်။ သိသာတာတွေကတော့ ရင်သား ကြီးထားခြင်း၊ မျက်ခုံးရိုးတင်ထားခြင်း၊ နှာခေါင်း ပြင်ထားခြင်း ၊ နှုတ်ခမ်းပြင်ထားခြင်းနဲ့ botox ထိုးထားခြင်းတို့ ဖြစ်ပါတယ်။
အခြားနာမည်ကျော်များအနေနဲ့လည်း ပြင်ဆင်ထားတာတွေ ရှိနိုင်ပေမယ့် တရားဝင် မကြေငြာတာမျိုး ၊ မသိမသာ ပြောင်းလဲထားတာမျိုးတွေ ရှိပါတယ်။
(Ref:Cha Cha)