မိစန္ဒီ လတ်တလောမှာတော့ နယ်တွေမှာ သီချင်းသွားဆိုဖို့ရှိမယ်။ မိစန္ဒီရဲ့ဒုတိယအခွေဖြစ်တဲ့ ပစ်တိုင်းထောင်အခွေနဲ့ ပတ်သက် ပြီးသီချင်းရေးတာ၊ ဆိုတာတွေ လုပ်နေပါတယ်။ တစ်ခြားအတွဲအခွေတွေဆိုဖို့အတွက်လည်း သီချင်းတွေရေးပြီး ဆိုဖြစ်နေပါတယ်။ ပစ်တိုင်းထောင် အခွေလေးထဲမှာလည်း ရေခဲရိုက်အပြုံးလိုမျိုး ပရိသတ်သဘောကျစေမယ့် အချစ်သီချင်း လေးတွေ ပါပါမယ်။ မိစန္ဒီကိုပရိသတ်တွေ တော်တော်များများတောင်းဆိုကြတာက ရေခဲရိုက်အပြုံးလို သီချင်းမျိုး များများရေး ပေးပါဆိုပြီးတောင်းဆိုကြပါတယ်။ ဒါပေမဲ့ ရေခဲရိုက်အပြုံးလို နောက်တစ်ခေါက်ရေးမယ် ဆိုရင် နားထောင်ရတဲ့ ပရိသတ်ကြီး ရိုးအီသွားမှာစိုးလို့ပါ။ ဒါပေမယ့် ဒီပစ်တိုင်းထောင်အခွေထဲမှာ ရေခဲရိုက်အပြုံးလို သီချင်းမျိုးလေး တွေတော့ ထည့်ပေးသွား မှာပါ။ ပစ်တိုင်းထောင်အခွေ ဗီစီဒီအတွက်တော့ အိုင်ဒီယာကောင်းကောင်း သေချာစဉ်းစားပြီးမှပဲ ရိုက်ကူး ပါမယ်။ မိစန္ဒီ သီချင်းနားထောင်ရင် မြူးဇစ်အကုန်လုံးကို နားထောင်ရတာ ကြိုက်ပါတယ်။ အကြိုက်ဆုံးနဲ့ အားအသန်ဆုံး ကတော့ ဟစ်ပ်ဟော့နဲ့ R&Bပေါ့နော်။
မိစန္ဒီပြောတဲ့ သူမရဲ့ပစ်တိုင်းထောင်အယ်လ်ဘမ်အကြောင်း

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။