၂၀၁၃ခုနှစ်၊ အောက်တိုဘာလ၂၂ရက်ဟာ ၂၁၆ကြိမ်မြောက် ပထမဆုံးလေထီးခုန်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံသား André-Jacques Garnerinဟာ ပထမဆုံးဘောင်မပါတဲ့ လေထီးကို တီထွင်ခဲ့သူဖြစ်ပြီး သမိုင်းမှာ ဘောင်မပါတဲ့လေထီးနဲ့ စခုန်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ လေကြောင်းအရာရှိအဖြစ်နဲ့ ခန့်အပ်ထားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
၂၁၆ကြိမ်မြောက် ပထမဆုံးလေထီးခုန်နှစ်ပတ်လည်နေ့ ကိုဂုဏ်ပြုတဲ့အနေနဲ့ Googleက doodleတစ်ခုရေးဆွဲဖန်တီးခဲ့ပါတယ်။ ၁၇၉၇ခုနှစ်၊ အောက်တိုဘာ ၂၂ရက်မှာ André-Jacques Garnerin ဟာ ပါရီမှာရှိတဲ့ Parc Monceau ပြည့်သူ့ပန်းခြံပေါ်ကို ရဲရဲဝံ့ဝံ့ပဲ လေထီးခုန်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံသား လေသူရဲ André-Jacques Garnerinရဲ့ မီးပုံးပျံဟာ ပေ၃၀၀၀ အမြင့်ကိုအရောက် အခြေအနေမကောင်းတော့တဲ့အခါ လေထီးအလိုအလျောက်ပွင့် သွားခဲ့ပါတယ်။ လေထီးက မီးပုံးပျံရဲ့ ကျရှိန်ကို နှေးစေခဲ့တာကြောင့် မြေပေါ်ကိုဘေးမသီရန်မခပဲ ဆင်းသက်နိုင်ခဲ့ပါတယ်။ မီးပုံးပျံခြင်းတောင်းဟာ အကျကြမ်းပြီး ဒယီးဒယိုင်ဖြစ်သွားခဲ့ပေမဲ့ André-Jacques Garnerinကတော့ ဘာထိခိုက်ဒဏ်ရာမှ ရမသွားခဲ့ပါဘူး။
ပြင်သစ်နိုင်ငံသား လေသူရဲ André-Jacques Garnerinဟာ ၁၈၂၃ခုနှစ်၊ သြဂုတ်လ ၁၈ရက်၊ အသက်၅၄နှစ်မှာ မီးပုံးပျံသစ်တစ်လုံး တီထွင်နေရင်းနဲ့ပဲ ပါရီမှာဆုံးသွားခဲ့ပါတော့တယ်။ မီးပုံးပျံအမြင့်ကြီးလုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖြတ်လျှောက်တုန်း ပြုတ်ကျလာတဲ့ ရက်မက အရှိန်နဲ့ဆောင့်ပြီးသေဆုံးသွားခဲ့တာပါ။
(Ref:independent)