ဆော်ဒီအာရေဗျနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာအမျိုးသားတစ်ဦးက သူ့ မိန်းမနဲ့ ကလေး လေးယောက် ကို ဓားနဲ့ လှီးသတ်ပြီး သူတို့ ကို ချစ်လို့ အခုလို လုပ်ခဲ့ရတာဖြစ်ကြောင်း ပြောကြား

brooklyn_stabbings_cham.jpg

မြန်မာနိုင်ငံကနေ ဆော်ဒီအာရေဗျနိုင်ငံမှာ လက်ရှိနေထိုင်နေတယ်လို့ သိရှိရတဲ့ မူဆလင်အမျိုးသားတစ်ဦးဟာ မိန်းမဖြစ်သူ နဲ့  ကလေးလေးယောက်ကို မီးဖိုချောင်ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း emirates247 ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အခုလို သတ်ခဲ့ရတာဟာ သူ့ မိသားစုကို အရမ်းချစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်လို့ လည်း သူက ထွက်ဆိုသွားပါသေးတယ်။

ပင်လယ်ကွေ့ နိုင်ငံ ဆော်ဒီအာရေဗျ တစ်ခုလုံး တုန်လှုပ်ချောက်ချားခဲ့ရတဲ့ ဒီအဖြစ်အပျက်ဟာ ဗုဒ္ဓဟူးနေ့  အရုဏ်ဦးအချိန်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ပင်လယ်နီ ကမ်းရိုးတန်းက Jeddah မြို့ ရဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ရဲတွေရောက်ရှိလာတဲ့အခါမှာတော့ မိသားစုတစ်ခုလုံးဟာ သွေးအိုင်ထဲမှာ ထာဝရ လဲလျောင်းနေပါပြီ။

အသက် ၄၂ နှစ်အရွယ် Abu Al Kalam ဆိုသူဟာ အသက် ၃၀ နှစ်အရွယ် မိန်းမနဲ့ အသက် ကိုးလကနေ ခြောက်နှစ်အတွင်းရှိတဲ့ သူ့ ရဲ့ကလေး လေးယောက်လုံးကို မီးဖိုချောင်သုံးဓားနဲ့ လည်ပင်းလှီးသတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း ရဲတွေကို ၀န်ခံခဲ့ပါတယ်။ သူဟာ အခုလို ရက်ရက်စက်စက်သတ်ဖြတ်အပြီးမှာ သူ့ ရဲ့ ဆော်ဒီ အလုပ်ရှင်ဆီကို လှမ်းဖုန်းဆက်ပြီး ဒီအဖြစ်အပျက်အကြောင်း ပြောကြားခဲ့ပါတယ်။ နောက်တော့ Abu Al Kalam ဟာ အနီးနားက ဗလီတစ်ခုဖြစ်တဲ့ Grand Mosque ဆီကို ထွက်ခွာသွားခဲ့ပါတယ်။

“Abu Al Kalam ဟာ အဲ့ဒီ (ဗလီ) မှာ နာရီတော်တော်ကြာကြာနေခဲ့ပါသေးတယ်။ ပြီးမှ သူ့ ကိုယ်သူ ရဲလက် အပ်ခဲ့တာပါ” လို့ အာရေဗျနေ့ စဉ်သတင်းစာ Okaz မှာ ဖော်ပြထားပါတယ်။

“ မကြာမီရက်ပိုင်းအတွင်းမှာ သူ့ မိသားစုတွေထက်အရင် သူသေရတော့မယ်လို့ ထင်နေတယ်လေ။ သူ့  မိသားစုကို အရှုပ်အထွေးဒုက္ခတွေကြားထဲမှာ ချန်မထားခဲ့ချင်ဘူးတဲ့။ ဒါကြောင့် သူနဲ့ အတူ (သေရွာကို) ခေါ်သွားဖို့ အခုလို ဆုံးဖြတ်ချက်ချခဲ့ရတာပါ။ သူတို့ ကို အရမ်းချစ်တဲ့အတွက်ကြောင့်ပါ လို့ Abu Al Kalam က ၀န်ခံခဲ့ကြောင်း ထပ်မံဖော်ပြထားပါတယ်။

Ref: emirates247

582 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.