သီတင်းတစ်ပါတ်အဆုံးမှာ မဆုံးနိုင်သေးတဲ့ အီးမေးလ်တွေ တောင်ပုံရာပုံနဲ့ အလုပ်တွေပိနေမယ်ဆိုရင်တော့ ဒီမေးလ်တွေကို စစ်ဖို့ လက်တွန့်နေမှာအမှန်ပါပဲ။ ကျေးဇူး တင်ဖို့ကောင်းလောက်တဲ့ ဒီအချက်လေးတွေကို လေ့လာကြည့်ပါ။ ရှုပ်ယှက်ခတ် နေတဲ့ အီးမေးလ်တွေကို အရည်အချင်းပြည့်ဝစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရင် အချိန်ကုန်၊ လူပင်ပန်း သက်သာစေ ပါတယ်။
(၁) မတူညီတဲ့ လိပ်စာအမျိုးအစားတွေအတွက် အီမေးလ်လိပ်စာ တစ်ခုစီထားရှိပေးပါ။ ဥပမာ-သင့်ရဲ့ အီးမေးလ်လိပ်စာ [email protected] နဲ့ အချစ်ရေးအချစ်ရာကိစ္စတွေ၊ လူမှုရေးကိစ္စတွေကို ဒါနဲ့အသုံးပြုတယ်ဆိုပါတော့။ ဂျီမေးလ် လိုပုံစံမျိုးနဲ့ လဲလှယ်အသုံးပြုကြည့်ပါ။ ဂျီမေးလ်က သင့်ကို အမျိုးစုံတဲ့ အီးမေးလ်တွေကို ပေါင်းစပ် အသုံးပြုဖို့ ခွင့်ပြုပါတယ်။ မင်းလုပ်ရမှာက Setting- Acount- Check Mail From Other Accounts ဆိုတာပါပဲ။ ဒါဆိုရင်မင်းရဲ့ အီးမေးလ်မှန်သမျှကို window တစ်ခုတည်းမှာတင် စစ်ဆေးကြည့် လို့ရပါတယ်။
(၂) အချိန်မှန်စစ်ပါ။ ကံဆိုးစွာနဲ့များ တခြားအလုပ်တွေနဲ့ ရှုပ်နေပြီး မေးလ်ကိုမစစ်ကြည့် မိရင် အရေးကြီးတဲ့ အလုပ်တစ်ခုနဲ့ ဆက်စပ်ပြီးတော့ မင်းမှာ မေးလ်တွေ ရာနဲ့ချီနေပါ လိမ့်မယ်။ ဒါကြောင့် မင်းရဲ့လက်ပ်တော့ကို ဖွင့်တဲ့အချိန်တိုင်းမှာ မင်းရဲ့ အီးမေးလ် တွေကို အရင်းဆုံးဖွင့်ပါ။ facebook တို့၊ Twitter တို့ကို အသာဘေးချိတ် ထားပြီး မေးလ်ကိုအရင်ဆုံး sign in လုပ်ပါ။ တောက်လျှောက် ဖွင့်ထားဖို့ အဆင်မပြေရင်တောင် သုံးနာရီခြား တစ်ခါလောက် စစ်ပေးပါ။
(၃) Spam တွေကို သတ်သတ်ထားပါ။ Spam တွေဟာမင်းရဲ့ ဂျီမေးလ်အကောင့် စစ်ထုတ်မှုကနေ လူလည်လုပ်ပြီး ၀င်လာ တာပါ။ အများသောအားဖြင့် ထီလက်မှတ် ဈေးနှုန်း၊ ဘဏ်စာရင်း အသေးစိတ်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ ခရီးသွား လက်မှတ်အကြောင်း စတာတွေပဲဖြစ်ပါတယ်။ ဒီလိုစာမျိုးတွေကို Spam အနေနဲ့မှတ်ထား လိုက်ပြီး စိတ်ရှုပ်နေချိန်ဆိုရင် ခပ်ဝေးဝေးမှာထားလိုက်တာ ကောင်းပါတယ်။
(၄) မင်းရဲ့မေးလ်က အမြဲတမ်း ဖေ့ဘုတ်နဲ့ တွစ်တာတို့ရဲ့ သတိပေးချက်တွေ၊ အွန်လိုင်းဈေးလျှော့ကူပွန်တွေ၊ များပြားလှတဲ့ forward တွေနဲ့ စိတ်ညစ်ညူးစရာ တွေထဲ ပေါလော ပေါ်နေပါလိမ့်မယ်။ ကံကောင်းထောက်မစွာနဲ့ ဂျီမေးလ်က မင်းစာတွေ ရဲ့ အဆင့်အတန်းအလိုက် Label သုံးမျိုးခွဲလို့ရပါတယ်။ Primary, Social, Promotion ဆိုပြီးခွဲထားလိုက်ရင် မင်းခွဲထားတဲ့ အမျိုးအစားတွေထဲ ပုံစံမျိုးစုံနဲ့ဝင်လာတဲ့ မေးလ်တွေက ရောက်သွားပါလိမ့်မယ်။ အဲဒီခေါင်းစဉ်ကြီးတွေ အောက်မှာမှ နောက်ထပ်အလိုရှိတယ်ဆိုရင် ကိုယ့်စိတ်ကြိုက် ထပ်ခွဲလို့ရပါသေးတယ်။
(၅) ကိုယ့် အီးမေးလ်လိပ်စာကို ကိုယ့်ဘာသာသိမ်းထားပြီး အခြားသူတွေနဲ့ မျှဝေ မသုံးပါနဲ့။ မင်းရဲ့အကောင့်ကို တစ်နေရာ ရာမှာ ရေးထားမိခဲ့တာမျိုး၊ တစ်ယောက်ယောက်က ရသွားတာမျိုး သံသယရှိမယ်ဆိုရင် အဲဒီအကောင့်ကို ဆက်မသုံးပါနဲ့။ မင်းကို အာရုံနောက်စေပါလိမ့်မယ်။
Ref:MENSXP