ပီရူးနိုင်ငံ အမျိုးသားမူးယစ်ဆေးထိန်းချုပ်ရေးကော်မရှင် အဖွဲ့ ဥက္ကဌ ဟာ ဆေးခြောက်ကို ပီရူးမှာ တရားဝင် ခွင့်ပြုဖို့ အတွက် ဆွေးနွေးညှိုနှိုင်းပွဲတစ်ခု ပြုလုပ်မယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။ မကြာသေးမီက ဥရုဂွေးနိုင်ငံဟာ ဆေးခြောက်ကို တရားဝင်ရောင်းဝယ်စိုက်ပျိုးခွင့်ပြုလိုက်တဲ့ ပထမဆုံး လက်တင်အမေရိကနိုင်ငံဖြစ်လာခြင်းက တခြားလက်တင်အမေရိကအိမ်နီးချင်းနိုင်ငံတွေကိုလည်း ဒီဥပဒေပြဌာန်းဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်။
ပီရူးနိုင်ငံဆိုင်ရာအမျိုးသားမူးယစ်ဆေးထိန်းချုပ်ရေးကော်မရှင် (DEVIDA) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ရီကာဒို ဆိုဘီရွန် က အင်တာဗျူးတစ်ခုမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုသင့်ကြောင်း အစိုးရကို ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ ပီရူးနိုင်ငံဆေးပညာကျောင်း ၊ DEVIDA ဥက္ကဌ Carmen Masias ၊ အစိုးရခေါင်းဆောင်တွေနဲ့  ဆွေးနွေးညှိုနှိုင်းပွဲ တစ်ခုပြုလုပ်သင့်ပါတယ်။ သဘောတူညီချက်တွေ ချမှတ်နိုင်ဖို့ ဖိုရမ်တစ်ခု ပြုလုပ်ရမယ်။ ပထမဦးဆုံး ကျန်းမာရေးအကျိုးဆက်တွေကို ကြည့်ရမယ်။ နောက် ဆေးခြောက်ကို အန္တရာယ်ကင်းကင်းနဲ့  အသုံးပြုဖို့  အတွက် လုပ်ရပါမယ်။” လို့ ရီကာဒို ဆိုဘီရွန်က Terra သတင်းဝက်ဘ်ဆိုဒ် ကို ပြောကြားသွားခဲ့ပါတယ်။
ဒီလိုဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်ခြင်းအားဖြင့် တခြားအန္တရာယ်ဆိုးကျိုးများတဲ့ မူးယစ်ဆေးတွေကို သုံးစွဲ ၊ ရောင်းဝယ်ခြင်းမှ လျော့ချနိုင်မှာဖြစ်ပြီး မူးယစ်ဆေးထိန်းချုပ်မှုမှ နှစ် ၅၀ လုံးလုံး အကျိုးရလဒ်မရှိတဲ့ စစ်ဆင်ရေးတွေအတွက် ဒီ တခြားမူးယစ်ဆေးတွေထက်အန္တရာယ် နည်းပါးတဲ့ ဆေးခြောက်ဟာ အဖြေတစ်ခု ဖြစ်လာလိမ့်မယ်လို သူက ဆိုပါတယ်။
ဆေးခြောက်ကို တရားဝင်ရောင်းဝယ်သုံးစွဲခွင့်ပြုလာမှုဟာ ကမ္ဘာ့နိုင်ငံဒေသအနှံ့ အပြားမှာ တဖြည်းဖြည်းတိုးမြင့်လာပြီး မကြာသေးမီက အမေရိကနိုင်ငံ ၊ ကိုလိုရာဒိုမှာ တရားဝင်ခွင့်ပြုခဲ့သလို ဒီနှစ်အကုန်လောက်မှာ တရားဝင်ဆေးခြောက်သုံးစွဲခွင့်ပြုမယ်လို့ သိရပါတယ်။
Ref: rt.com