ပျိုမေတို့ရဲ့ အိတ်တွေထဲမှာ အရေးပေါ်ဆောင်ထားဖို့ လိုအပ်တဲ့ အရာများ

cowo_louis_vuitton_handbags_nn_14_oth.jpg

မိန်းကလေးတွေ အပြင်သွားတဲ့အခါမှာ ယောက်ျားလေးတွေထက်ပိုပြီး ကရိကထ များပါတယ်။  ဒါကြောင့် မိန်းကလေးများရဲ့ လွယ်အိတ်ထဲမှာ မရှိမဖြစ်အနေနဲ့ ဆောင်ထားသင့်တဲ့ ပစ္စည်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁)     တွယ်ချိတ်အချို့ – ပေါက်ရာပြဲရာအချို့ နဲ့ ပြတ်တောက်သွားတဲ့ ပစ္စည်းအချို့ကို ယာယီဆက်စပ်ပေးဖို့အတွက် အလွယ်ကူဆုံး ပစ္စည်းဖြစ်ပါတယ်။

(၂)     လက်ရာမြောက်သောနားဆွဲလေး- အလုပ်များသူများ နေ့အချိန် အလုပ်ကနေ ညဘက် ပါတီကိုတစ်ဆက်တည်းသွားရတော့မယ်ဆိုရင် ဒီနားဆွဲလေးတစ်ခု ပန်လိုက်ရုံနဲ့ ပွဲတက်စတိုင်ကိုရစေနိုင်ပါတယ်။

https://i2.wp.com/www.miriamhaskell.com/sites/default/files/styles/huge/public/Michelle%20Earring%20High%20Res.jpg?resize=191%2C191

 

(၃)     ဒေါက်ဖိနက် အောက်ခံ- ဒေါက်ဖိနပ်စီးပြီးမှ လမ်းများများလျှောက်ဖို့ အခြေအနေမျိုးကြုံလာရင်တော့ ဖိနပ်အောက်ခံ ရာဘာလေးတွေက ပြုတ်ထွက်သွား တတ်ပါတယ်။ ဒီရာဘာလေးတွေမပါရင် ချော်လဲတတ်တာမို့ ဒီအောက်ခံရာဘာလေး တွေက အသုံးဝင်ပါတယ်။ (၂)ခု ဆောင်ထားဖို့တော့ မမေ့နဲ့နော်။

(၄)     လက်ကိုင်ပုဝါအစို- အယ်ကိုဟော ပါဝင်လို့ မတော်မဆဖြစ်တဲ့ အစွန်းအထင်းလေးတွေကို ဖယ်ရှားပေးနိုင်တဲ့ တစ်ခါသုံးလက်ကိုင်ပုဝါလေးဖြစ်ပြီး Hand Jel တွေထက် လက်ကိုပိုပြီး သန့်စင်စေနိုင်ပါတယ်။

(၅)     နှုတ်ခမ်းနီတောင့် – အစာစားပြီးချိန်တိုင်း လိုအပ်နိုင်လို့ ဆောင်ထားသင့် ပါတယ်။

(၆)     နေကာမျက်မှန် – စတိုင်ကျပြီး နေပူဒဏ်ကို ကာကွယ်နိုင်ဖို့ နေကာမျက်မှန်ကလဲ မရှိမဖြစ်ပါပဲ။

သင့်လွယ်အိတ်ထဲမှာ ဒီပစ္စည်းလေးတွေ ပြည့်စုံနေပြီဆိုရင်တော့ အပြင်သွားရင်တွေ့နိုင်တဲ့ အရေးပေါ်အခက်အခဲ လေးတွေကို ဖြေရှင်းနိုင်ပါပြီ။

Ref:Lucky

 

51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.