OutKastရဲ့ ‘Hey Ya’သီချင်းကို country ဗားရှင်းနဲ့ ပြန်လည်တင်ဆက်ခဲ့တဲ့ Miley Cyrus

20140215-miley-x600-1392480444.jpg

 

ဒီတစ်ပတ်အတွင်း ကျွန်တော်တို့ နားထောင်ခဲ့ရသမျှ remix သီချင်းတွေထဲမှ အထူးဆန်းဆုံးကတော့ OutKastရဲ့ ၂၀၀၃ခုနှစ်မှာ ပေါက်ခဲ့တဲ့ ‘Hey Ya’ သီချင်းကို Miley Cyrus က တတ်နိုင်သမျှ အကောင်းဆုံး တင်ဆက်ခဲ့တဲ့ country ဗားရှင်းပါပဲ။ ၀ါရှင်တန်ပြနယ်နယ်၊ တာကိုမာ ဆိပ်ကမ်းမြို့မှာလုပ်ခဲ့တဲ့ Bangerz ရှိုးပွဲမှာ tempo လျှော့ထားတဲ့ ဗားရှင်းနဲ့ ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။

Miley Cyrus ရဲ့ remix က ပြေပြေပြစ်ပြစ်ရှိပြီး မူရင်းသီချင်းလောက်တော့ မသွက်ပါဘူး။ သူတတ်ထားတဲ့ country ဗီဇတချို့ပေါင်းထည့်ထားတာကိုလည်း တွေ့ရပတယ်။ ‘Hey Ya’သီချင်းပြီးတော့ သူ့အဖွား Dolly Parton ကြောင့် ကျော်ကြားခဲ့တဲ့ ရှေး country သီချင်း ‘Jolene’ ကို ပြောင်းဆိုပြန်ပါတယ်။

ပေါ့ပ်စတား Miley Cyrusရဲ့ ဟစ်ဟော့ပ်အပေါ်မြတ်နိုးမှု ဟာ ပြောပြနေစရာတောင် မလိုတော့ပါဘူး။ Wiz Khalifa နဲ့ French Montana တို့နဲ့လည်းရင်းနှီးပြီး အသံသွင်းအင်ဂျင်နီယာ Mike Will Made It နဲ့လည်းလက်တွဲကာ ‘Bangerz’ အယ်လ်ဘမ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပါတယ်။

Ref:theboombox.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.