ကနေဒါ Curling (ရေခဲပြင်အ၀ိုင်းပြားပစ်ကစားနည်း) အသင်းဟာ ဂရိတ်ဗြိတိန်အသင်းကို ၉-၃ နဲ့  အပြတ်အသတ်အနိုင်ယူကာ ဆောင်းရာသီအိုလံပစ်ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗြိတိန်အိုလံပစ်အသင်းအတွက် သမိုင်းဝင်အောင်မြင်မှုစံချိန်တင်နိုင်တော့မယ့် အနေအထားမှာ အခုလို ကနေဒါအသင်းကို ရှုံးနိမ့်ပြီး ရွှေတံဆိပ်ဆု လက်လွှတ်ခဲ့ရတာပါ။ ဗြိတိန်အသင်းဟာ ဒီနှစ်ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတစ်ခုထက်ပို ရရှိခဲ့ပြီး ဒါဟာ ဗြိတိန်ရဲ့ ဆောင်းရာသီအိုလံပစ်သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ရွှေတံဆိပ်တစ်ခုထက် ပိုရခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အခုလို ငွေတံဆိပ်ဆုကို ဗြိတိန် Curling အသင်းဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် ၁၉၂၄ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ ဆုတံဆိပ် လေးခုရရှိကာ သမိုင်းဝင်အောင်မြင်မှုကို ရရှိခဲ့ပါတယ်။
Curling ကစားနည်းမှာ ဗြိတိန်အမျိုးသမီး Curling အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး အမျိုးသား အသင်းကတော့ ကနေဒါကို ရှုံးနိမ့်ကာ ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ရွှေတံဆိပ်ရရှိခဲ့သူ ကနေဒါ Curling အသင်း
Ref: bbc.com