အရင်တခေါက်က မုန့်ဖုတ်ဆိုဒါ (Baking Soda)ရဲ့ အသုံးဝင်ပုံလေးတွေ ပြောပြခဲ့တာ အသုံးတည့်ပြီး သဘောကျ ကြမယ်ထင်ပါတယ်။ ဒါကြောင့် နောက်ထပ်ကျန်တဲ့ (၄)ချက်ကို ဆက်လက်ဖော်ပြပါဦးမယ်။
(၅) ဆဲလ်အသေများ ဖယ်ရှားပေးခြင်း
မုန့်ဖုတ်ဆိုဒါ ဆိုတာ အံ့မခန်းအရာတစ်ခုလို့တောင် တွေးနေမလားပဲ။ လက်ထဲမှာ ရေနည်းနည်းနဲ့ ဆော်ဒါနည်းနည်းကို ရောပွတ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းဆေးကြောပါ။ ဆဲလ်အသေတွေ ဖယ်ရှားပေးတဲ့ ဓါတုထုတ်ကုန်တွေ သုံးမယ့်အစား ဒီနည်းလမ်းက အသုံးလည်းဝင်ပြီး သဘာဝအတိုင်းဖြစ်လို့ happy skin ကို ပိုင်ဆိုင်နိုင်ပါတယ်။
(၆) ဆားဝက်ခြံများ ဖယ်ရှားပေးခြင်း
ဖုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပေါင်းခံရည်ပူပူနဲ့ ခွက်တစ်ခွက်ထဲမှာ ရောမွှေပါ။ ရလာတဲ့ အရည်ကို ပုဝါတစ်ခုနဲ့ ယူပြီး ခပ်ဖြည်းဖြည်း ပွတ်တိုက်နှိပ်နယ်ပေး ခြင်းက ဆားဝက်ခြံအတွက် အထူးကုထုံးတစ်ခုပါ။
(၇) ရေချိုးရာတွင် အသုံးဝင်ခြင်း
မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကို ပမာဏ ညီတူညီမျှရောပြီး သင်သုံးနေကျ သံလွင်ဆီဖြစ်ဖြစ် ၊ စံပယ်ဆီဖြစ်ဖြစ် ထည့်ပေါင်းပြီး ရေချိုးတဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။
(၈) ခေါင်းလျှော်ရည်အခြောက်အဖြစ် အသုံးပြုနိုင်ခြင်း
တကယ်လို့ သင့်မှာ ခေါင်းလျှော်ရည်အခြောက်လည်း ကုန်နေပြီး ခရီးလမ်းပေါ်မှာ ဖြစ်နေရင်တော့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ ပမာဏအနည်းငယ်ကို ခေါင်းပေါ်မှာ နှံ့အောင် ဖြူးပေးပါ။ ဘယ်လောက် ပမာဏဖြူးပေးရမယ်ဆိုတာကတော့ သင့်ဦးခေါင်း ဘယ်လောက် အဆီထွက်နေလဲဆိုတာပေါ် မူတည်ပါတယ်။ ပြီးရင်တော့ ဘီးခပ်စိတ်စိတ်တစ်ချောင်းနဲ့ လိုက်ဖီးပေးပြီး ၀ါဂွမ်းလေးနဲ့ ခါချလိုက်ရင် ခေါင်းလျော်ထားတဲ့ ဆံပင်ပုံမျိုး ရရှိနိုင်ပြီပေါ့။
မုန့်ဖုတ်ဆိုဒါရဲ့ အသုံးဝင်ပုံက အံ့မခန်းရှိတာကြောင့် သင့်မီးဖိုချောင်မှာလည်း ဆောင်ထားဖို့ လိုပါပြီ။ “မသိသူကျော်သွား သိသူဖော်စား” ဆိုသလိုပဲ အိမ်ရှင်မတွေ အနေနဲ့ အကုန်အကျသက်သာတဲ့ အလှအပ ဆိုင်ရာ နည်းလမ်းကောင်းလေးတွေ သိရှိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Ref:dailymakeover.com