Aftershock

aftershock_resize.jpg

Aftershock ဟာဗြိတိသျှ Heavy Metal ၀ိုင်း Motörhead ရဲ့ ၂၁ခုမြောက် စတူဒီယို album ဖြစ်ပါတယ်။ အောက်တိုဘာ ၂၁ရက်နေ့က ဗြိတိန်နဲ့ အခြားဥရောပဒေသတွေမှာ ဖြန့်ချီခဲ့တာဖြစ်ပါတယ်။

ဒီ Album မှာပါဝင်မယ့်သီချင်းတွေကတော့

၁။ Heartbreaker

၂။ Coup De Grace

၃။ Lost Woman Blues

၎။ End Of Time

၅။ Do You Believe

၆။ Death Machine

၇။ Dust And Glass

၈။ Going To Mexico

၉။ Silence When You Speak To Me

၁၀။ Crying Shame

၁၁။ Queen Of The Damned

၁၂။ Knife

၁၃။ Keep Your Power Dry

၁၄။ Paralyzed တို့ဖြစ်ပါတယ်။

Motörhead ဟာဂီတစတိုင်လ်ထပ်တယ်လို့ ဝေဖန်ရေးသမားအချို့က ပြောကြပါတယ်။ ဒီ Aftershock မှာလဲ သူတို့ရဲ့အရင်သီချင်းတွေနဲ့ ကွဲပြားမှုကတော့ သိပ်မရှိပါဘူး။ တစ်ခြားဝိုင်းတွေနဲ့မတူတာကတော့ Motörhead ဟာ ဒီဂီတစတိုင်လ်တစ်မျိုးထဲကိုပဲ နှစ်ပေါင်းကြာရှည်စွာ လုပ်လာခဲ့တာမှန်ပေမယ့် သူတို့ရဲ့ဂီတကို စိတ်ဝင်စားစရာကောင်းအောင် လုပ်နိုင်ခဲ့တာပါပဲ။

အခွေရဲ့အစမှာ Motörhead ရဲ့ရိုးရာမပျက် speed ဦးစားပေးတဲ့ heavy rhythm တွေနဲ့တီးထားတဲ့ Heartbreaker သီချင်းကိုကြားရမှာဖြစ်ပါတယ်။ Lost Woman Blues ကတော့ဒီ Album မှာအထင်ရှားဆုံးဖြစ်ပြီး ၁၉၅၀က မစ္စစပီမြစ်ဝှမ်းဒေသမှာလွှမ်းမိုးခဲ့တဲ့ Blues ဂီတကိုအမှတ်ရစေပါတယ်။ End Of Time မှာတော့ ဒေါသတကြီးရန်လိုတဲ့ Riff ကိုကြားရမှာဖြစ်ပြီး Dust and Glass ကတော့ ၁၉၆၀ ဗြိတိသျှ psychedelic ဆန်တဲ့သီချင်းဖြစ်ပါတယ်။

(ref:Wikipedia, rolling stone)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.