ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ အကွက်ဖက်ရှင်

3562689_img_0737.jpg

ဖက်ရှင်ရေစီးကြောင်း ဆက်လက်စီးဆင်းနေသရွေ့ ဘယ်တော့မှ ပျက်သုန်းမသွားမယ့် ဖက်ရှင်ဒီဇိုင်းတွေထဲမှာ အကွက်တွေ၊ အစက်အပြောက်တွေ၊ ပန်းပွင့်ပန်းခက်တွေ ပါဝင်နေပါတယ်။ တကျော့ပြန်စီးဆင်းတဲ့ ဖက်ရှင်မျိုးထက် ဈေးကွက်ထဲမှာ အမြဲတမ်း တွေ့နေရတဲ့ ဖက်ရှင်ကတော့ အကွက်ဖက်ရှင်ပါပဲ။ အကွက်တွေထဲမှာမှ အနီကွက်၊ အနက်ကွက်တွေဟာ ပျိုမေတွေ ရွေးချယ်မှုအများဆုံး ဒီဇိုင်းတွေထဲက တစ်ခုဖြစ်ပြီး ခုလက်ရှိမှာလည်း ဈေးကွက်ထဲ အရောင်းရဆုံး ဒီဇိုင်းတွေ ဖြစ်နေဆဲပါ။

၁။ Pencil စကတ်လိုမျိုး ပုံမှာပြထားတဲ့ စကတ်အကွက်ကို များသောအားဖြင့် အပေါ်က အနက်ရောင်၊ သို့မဟုတ် အဖြူရောင်နဲ့သာ တွဲဝတ်ကြမှာပါ။ ခုလိုအပြောင်းအလဲလေး တွဲဝတ်ကြည့်ပါလား။ အထာကျမှာ အသေအချာပဲနော်။

၂။အကွက်ကို များသောအားဖြင့် လက်ပြတ်တွေသာ ချုပ်ကြတာ များပေမယ့် ဒီလို ဒီဇိုင်းမျိုးဆို ရုံးသွား၊ ရုံးပြန်တောင် ၀တ်လို့ရနေပါသေးတယ်။

၃။စကတ်အကွက်ကို ဒီလိုအင်္ကျံမျိုး၊ ဒီလိုဖိနပ်မျိုးနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် တော်တော်ကို အထာကျသွားတာနော်။

၎။စကတ်အကားလေးတွေဆိုရင် ခုလိုအင်္ကျံကို အထဲထည့်ဝတ်ပြီး ချစ်စရာကောင်းအောင် ၀တ်ကြည့်လိုက်ပေါ့။

၅။ရှပ်အင်္ကျံပုံစံမျိုး တစ်ထည်လောက်ရှိရင်ရုံနဲ့ နှစ်မျိုးခွဲဝတ်လို့ရတယ်နော်။

၆။ပေါင်တစ်ဝက်လောက်ရှည်တဲ့ ရှပ်အင်္ကျံဒီဇိုင်းမျိုးတွေက နောက်ဆုံးပေါ်တွေ ဖြစ်ပြီး ပျိုမေတွေ နှစ်ခြိုက်စေမယ့်ဒီဇိုင်းတစ်မျိုးပါပဲ။

၇။အကွက်ဆိုရင် အကျပ်တွေထက်စာရင် ခုလို Boyfriend jean လေးတွေချုပ်ဝတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Ref:lookbook.nu

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.