ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်း-၁ (အားလုံးဟာ ကျွန်မအမှား)

romantic-couple-in-rain-display-pictures-for-couples-profile-pics-111214.jpg

 

ဖြစ်ခဲ့တာ မှန်သမျှဟာ ကျွန်မအမှားပါ။ ခုတော့ စိတ်ရှုပ်ထွေးမှုတချို့နဲ့အတူ ကျွန်မ နောင်တရနေပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်မမှာ ရည်စားရှိခဲ့တယ်။ ကျွန်မက သူ့ထက် တစ်တန်းကြီးတယ်။ ဒါပေမဲ့ အသက်ကတော့ တူတူပါပဲ။

ကျောင်းနောက်ဆုံးနှစ်မတိုင်ခင် ဒုတိယနှစ်ဝက် တက်တော့ ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ ကျွန်မကို တကယ် ဂရုတစိုက်ရှိတဲ့သူပေါ့။ အဲ့ဒီ့နောက်မှာ သိလိုက်ရတာက အချစ်ဦးကို ကျွန်မ တကယ်မချစ်ဘူးဆိုတာပါပဲ။ ခုကောင်လေးရဲ့ အချစ်က ကျွန်မအတွက်တော့ အရာရာပါ။ ဒီလိုနဲ့ပဲ အချစ်ဦးကို ကျွန်မ မေ့စပြုလာခဲ့တယ်။ တစ်နေ့ကျတော့ ကျွန်မအတွက် အရာရာပါဆိုတဲ့ ကောင်လေးက သူ့ကိုမေ့ပစ်လိုက်ဖို့ ရုတ်တရက်ဆိုလာတယ်။ အမေရိကကို သူပြောင်းရတော့မယ်တဲ့။ သူကောင်းစားဖို့အတွက်ပဲလေ။

ကျွန်မရဲ့ စိတ်အစဉ်ဟာ တစ်စစီကြေကွဲ သွားခဲ့ရပါတယ်။ နောက်နေ့ကျတော့ သူထွက်သွားခဲ့တော့တာပါပဲ။ ဒါပေမဲ့ ဒီကနေ့အထိတော့ သူ အဆက်အသွယ်လုပ်နေတုန်းပါပဲ။

ကျွန်မနောက်ဆုံးနှစ်တက်တော့ အချစ်ဦးကလည်း ကျွန်မအရင်တက်ခဲ့တဲ့ အတန်းကို ရောက်လာတယ်။ ကျွန်မ သူ့ကို ချစ်နေသေးတယ်လို့ သူထင်နေတုန်းပဲ။ အမှန်တွေကို ပြောပြဖို့ ကျွန်မမှာ အင်အားမရှိခဲ့ဘူး။

တစ်နေ့တော့ သူမရှိတုန်း ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အချစ်ဦးက သိသွားတယ်။ နောက်ကောင်လေးကို မေ့လိုက်၊ သူ ပြန်လက်ခံမယ်တဲ့။ ဒါပေမဲ့ ကျွန်မ သူ့ကိုဘယ်လိုပြောပြရမလဲ။ ကျွန်မကို ရှင့်ထက် ချစ်တဲ့သူ ရှိနေပါတယ်လို့။ ဘယ်လိုပြောရမလဲ။ ကျွန်မ ချစ်ရတဲ့သူက ဟိုးအဝေးမှာပါလို့။ ဘယ်လိုပြောရမလဲ။ ဘယ်လိုပြောရမှာလဲ။ ဘယ်လိုပြောရမလဲ။

Ref:dulya.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.