အဲဗာတန်တိုက်စစ်ကစားသမားလည်းဖြစ်သလို နည်းပြအဖွဲ့ မှာလည်း တာဝန်ယူနေခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ဒန်ကန်ဖာဂူဆန်ကို အဲဗာတန်အသင်းက နည်းပြအဖွဲ့ မှာ တရားဝင်အတည်တကျခန့်  အပ်လိုက်ပါတယ်။
၂၀၁၁ ခုနှစ်အစကတည်းက ဖာဂူဆန်ဟာ အဲဗာတန်နည်းပြအဖွဲ့ မှာပါဝင်ခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ အဲဗာတန် အသင်းနဲ့ လည်း ပွဲပေါင်း ၂၅၀ ကျော်ကစားပေးခဲ့တာပါ။ တင်္နလာနေ့ ကစပြီးတော့ ဒန်ကန်ဖာဂူဆန်ဟာ အဲဗာတန် ယူ-၁၈ ကိုနည်းပြနေရာကို လွှဲပြောင်းပေးပြီး အဲဗာတန် အသင်းကို ရော်ဘတ်တိုမာတီနက်ဇ် နဲ့  အတူ အချိန်ပြည့် ပူးတွဲကိုင်တွယ်တော့မှာဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်ကတည်းက ဒန်ကန်ဖာဂူဆန်ဟာ အဲဗာတန်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၉၈ ခုနှစ်မှာ နယူးကာဆယ်အသင်းကို ပေါင် ရှစ်သန်းနဲ့ ပြောင်းသွားခဲ့ပေမယ့် ၂၀၀၀ ခုနှစ်မှာ အဲဗာတန်အသင်းကို ပြန်လာခဲ့သူပါ။ ဒန်ကန်ဟာ လက်ထောက်နည်းပြ ဂရေမီဂျုံးစ်၊ ဂိုးနည်းပြ အီနာကီဘာဂရာ တို့ နဲ့ အတူ မာတီနက်ဇ်ရဲ့ နည့်းပြအဖွဲ့ မှာ တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ နည်းပြဟောင်း ဒေးဗစ်မိုရက်စ်ရဲ့ မန်ယူအသင်းရဲ့ ထိပ် ၊ အဆင့် ခြောက်နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ဒန်ကန်ဖာဂူဆန်ဟာ ရာသီကုန်မှာ အဲဗာတန်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အကောင်းဆုံးကြိုးစားသွားမှာဖြစ်ကြောင်း အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
Ref: bbc.com