Big Bang ရဲ့ Taeyang က ဂျပန်နာမည်ကြီး အဆိုရှင် M-flo ရဲ့ အယ်လ်ဘမ်အသစ်မှာ feat: ပါဝင်သီဆို

big-bang-taeyang-to-feature-in-famous-japan-producer-m-flos-new-album.jpg

          Big Bang အဖွဲ့ဝင် Taeyang ဟာ သူ့အနေနဲ့ ဂျပန်နာမည်ကြီးအဆိုတော် m-flo ရဲ့ Future is Now အယ်လ်ဘမ် အသစ်မှာ ပါဝင်မယ်လို့ ကြေငြာလိုက်ပါတယ်။ m-flo တို့အဖွဲ့မှာ VERBAL နဲ့ TAKU တို့ပါဝင်ပြီး သူတို့ရဲ့ အယ်လ်ဘမ်ကို မတ်လ ၂၆ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

          Taeyang featuring ပါဝင်မယ့် သီချင်းကတော့ “Go Crazy” လို့အမည်ရပါတယ်။ YG Entertainment ရဲ့ဖော်ပြချက်အရ သူပါဝင်မယ့် သီချင်းဟာ ခေါင်းစဉ်သီချင်းဖြစ်ပြီး စာသားတွေကိုလည်း သုံးကြိမ်တိတိ ပြန်လည်စစ်ဆေးထားတယ်လို့ဆိုပါတယ်။ ပါတီသီချင်းလို ခပ်မြူးမြူးဖြစ်တာကြောင့် အသံနဲ့ အရည်အသွေးကိုလည်း နှစ်ခါပြန်စစ်ဆေးထားတယ်လို့ ဆိုပါတယ်။

          Taeyang နဲ့ VERBAL တို့ဟာ ယခင်ကတည်းက သူငယ်ချင်းတွေဖြစ်ပြီး သူတို့ရဲ့ ပထမဆုံး ပူးပေါင်းတင်ဆက်မှုကိုလည်း အားလုံးက ရင်ခုန်မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။ ဒီအယ်လ်ဘမ်မှာ တခြားနာမည်ကြီး ဂျပန်အမျိုးသမီး အဆိုရှင်အဖွဲ့တွေနဲ့ သရုပ်ဆောင်များစွာတို့ကလည်း feat: ပါဝင်ထားတယ်လို့ ဆိုပါတယ်။

Ref:kpopstarz.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.