အခုဖူးပွင့် လပ်ကီးဘော့စ် ထုတ်လုပ်ရေးနဲ့(၅)ကားချုပ်ထားပါတယ်။ 5 plus ထုတ်လုပ်ရေးနဲ့က (၁၀)ကားချုပ်ထားပါတယ်။ အခု(၂၂)ရက်နေ့မှာလဲ ကိုသူထူးစံနဲ့အတူတူ စင်ကာပူမှာ ကားသွားရိုက်ဖို့ရှိပါတယ်။ ပြန်လာရင်လည်း ကိုသူထူးစံနဲ့ပဲ (၂)ကားဆက်ရိုက်ဖို့ရှိပါတယ်။ ခေါင်းဆောင်မင်းသမီးအနေနဲ့ပဲ ကားတွေဆက်ရိုက်သွားမှာပါ။ ဖူးပွင့်က ငွေကိုအဓိကမထားပါဘူး။ ငွေပုံပေးတိုင်းလဲ ဖူးပွင့်မရိုက်ပါဘူး။ အဓိကက ဖူးပွင့်ကို တွဲခေါ်ပြီးကူညီရိုက်ကူးပေးမယ်ဆိုရင်တော့ ဖူးပွင့်ရိုက်ပါတယ်။ ဖူးပွင့်အတွက်ငွေထက် အနုပညာကအဓိကပါ။ အဲဒါကြောင့်မို့လဲ အခုလိုညီမကို တင်ရိုက်တာလို့ထင်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။