Johnny Depp ရဲ့ဇာတ်ကားသစ် Transcendence

transcendence.jpg

 

Dr. Will Caster ဟာ ခံစားမှုအသိရှိပြီး ဝေမျှခံစားနိုင်တဲ့ အသိဥာဏ်ပိုင်ဆိုင်တဲ့ စက်ကိုတီထွင်ဖန်တီးဖို့ကြိုးစားနေတဲ့ လူသားဖန်တီးထားတဲ့ အသိဥာဏ်ပိုင်းဆိုင်ရာ သုတေသနပညာရှင်ဖြစ်ပါတယ်။ နည်းပညာရှေ့တန်းရောက်မှုကိုဆန့်ကျင်တဲ့ အစွန်းရောက်အဖွဲ့အစည်းတွေက သူ့ကိုပြစ်မှတ်ထားလာကြပါတယ်။ ဒါပေမယ့်သူတို့ရဲ့လုပ်ဆောင်ချက်တွေက သူ့ရဲ့အောင်မြင်မှုဆီကို မောင်းနှင်ပေးလိုက်သလိုဖြစ်သွားပါတယ်။  အဲဒီ့အစွန်းရောက်တွေရဲ့တိုက်ခိုက်မှုကြောင့်Caster ဟာ သေစေလောက်တဲ့ထိခိုက်ဒဏ်ရာဖြစ်သွားခဲ့ပြီး သုတေသန ပညာရှင်တွေဖြစ်ကြတဲ့ သူ့ရဲ့ဇနီးဖြစ်သူ Evelyn နဲ့သူငယ်ချင်း Max Waters တို့ကသူ့ရဲ့ကရိယာရဲ့ အသိဥာဏ်ကို မေးခွန်းထုတ်လာကြပါတယ်။ နောက်ဆုံးမှာ Caster ရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ စွမ်းအားတွေ ကိုယ်တိုင်ပိုင်ဆိုင်ဖို့ဖြစ်လာပြီး သူ့ကိုဘယ်အရာမှရပ်တန့်လို့မရတော့ပါဘူး။

Transcendence ဟာအမေရိကန် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Wally Pfister ရဲ့ပထမဆုံးဒါရိုက်တာလုပ်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Johnny Depp, Morgan Freeman, Rebecca Hall, Kate Mara, Cillian Murphy နဲ့ Paul Bettany တို့ဖြစ်ပါတယ်။ ဧပြီလ ၁၈ ရက်နေ့ထွက်မှာဖြစ်ပါတယ်။

Ref:Wikipedia.org

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.