(၁) ဒီပုံလေးရဲ့ထူးခြားချက်ကတော့ ရှူးဖိနပ်လေးပါပဲ။ ဒီဖိနပ်ကိုကြည့်ရတာ ပရိယာယ်များတဲ့ အသွင်ထင်ရပေမယ့် သူများနဲ့မတူတဲ့အသွင် ရစေမှာအသေအချာပါပဲ။ ဒီဖိနပ်ရဲ့ အဓိက ထူးခြားချက်ကတော့ အခြားဖိနပ်တွေထက် ပိုပါးပြီး ပိုချွန်ထက်တဲ့ပုံ ပေါ်စေတာပါပဲ။ အလွန်ပါးပေမယ့် လမ်းလျှောက်ရတာ သက်သောင့်သက်သာ ဖြစ်အောင် ခြေကျင်းဝတ်မှာ အပတ်လေးတစ်ခု ထပ်ဖြည့်ပေးထားပါတယ်။ အလွန်ကောင်းမွန်တဲ့ သားရေသားနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် အထိအတွေ့က နူးညံ့ပါတယ်။
(၂) စတူဒီယိုထဲမှာ အနက်ရောင်ဝတ်စုံပြည့်နဲ့ ရိုက်ထားတဲ့ ဒီပုံလေးရဲ့ အဓိက ဆွဲဆောင်မှုကတော့ အနက်ရောင် မွှေးပွကုတ်ပါ။ ဒီငှက်မွှေးကုတ်က အလေးချိန်စီးပြီး အနွေးဓါတ်ကို အမှန်အကန် ပေးစွမ်းနိုင်ရုံသာမက အဆင့်အတန်းတစ်ခုရဲ့ ဖော်ပြချက်တစ်မျိုးအနေနဲ့ ၀တ်ဆင်နိုင်ပါတယ်။
(၃) Accessories တွေဖြစ်တဲ့ အိတ်၊ ရှူး နဲ့ နေကာမျက်မှန် အနက်ရောင်တစ်ဆင်စာကို အပေါ်လွင်ဆုံး ထောက်ပံ့ပေးလိုက်တာကတော့ အနက်ရောင် လည်သာဘောင်းဘီအကျပ်ပါပဲ။ မြင်ရသူကို စတိုင်ကျစေပါတယ်။ ခန့်ထည်သန်မာတဲ့အသွင်ကို ဆောင်ပါတယ်။
(၄) ခေါင်းအစ၊ခြေအဆုံး အနက်ရောင်ဝတ်ခြင်းက လူအများရဲ့အာရုံစိုက်ခြင်းကို ရယူနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ မျက်မှန်အစ ခြေချောင်းအထိဖုံးတဲ့ ရှူးဖိနပ်တွေအဆုံး အနက်ရောင်ဆင်မြန်းကြည့်လိုက်ပါ။ ဒီထဲကမှ gangster အထာဖြစ်အောင် ပံ့ပိုးပေးလိုက်တာ ကတော့ သားရေ jacket ပါပဲ။
(၅) ဒီပွယောင်းယောင်းဝတ်စုံတွေကို အထက်အောက် အရောင်ဆင်တူ မ၀တ်ရင်တော့ ပိုဝသွားတဲ့ အသွင်ဖြစ်စေနိုင်ပါတယ်။ ဒီထဲကမှ အနက်ရောင် ဆင်တူဝတ်စုံပွတွေကတော့ ပိုပြီး စတိုင်ကျစေနိုင်ပါတယ်။ သူ့ရဲ့အသွင်အပြင်က လူကိုရင့်ကျက်တည်ငြိမ်သွားစေပြီး အတွေ့အကြုံ ရှိတဲ့သူတစ်ဦးအဖြစ် ထင်မြင်စေနိုင်ပါတယ်။
(၆) အနက်ရောင် ဘောင်းဘီနဲ့ အနက်ရောင် ဂျက်ကက်ကတော့ ဘယ်တော့မှ မမှားနိုင်တဲ့ တွဲဖက်ဝတ်ဆင်မှုတစ်ခုပါပဲ။ ဒါပေမယ့် ၀တ်ရုံလိုမျိုး သုံးမှာလား၊ ၀တ်စကုတ်လိုမျိုး သုံးမှာလား ဆိုတာတော့ ရွေးချယ်ရပါလိမ့်မယ်။
(၇) ကိုယ့်ကိုယ်ကို အရမ်းမိန်းမဆန်လွန်းတယ်။ သိပ်ပျော့ပျောင်းလွန်းတယ် ထင်နေရင်တော့ ဒူးခေါင်းအထက်ထိရောက်တဲ့ ဒီအနက်ရောင် ရှူးဖိနပ်ရှည်က မိန်းမသဏ္ဍန်အရမ်းမဆန်သလို ကိုယ့်အသွင်ကိုပိုပြီး သွက်လက်သွားစေပါတယ်။
ဒီပုံလေးတွေကိုကြည့်ပြီး အနက်ရောင်ရဲ့ စွမ်းအားကို အသုံးချလို့ ကိုယ့်ရဲ့ အလှအပရေးရာကို မြှင့်တင်နိုင်ကြပါစေ။