Nas နဲ့ Cam’ron ကာလကြာရှည် တည်မြဲနေခဲ့တဲ့ beef ကို ရုတ်သိမ်း

untitled.jpg

 

Instagram ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်ရတော့ ပုံတစ်ပုံဟာ စကားလုံး ထောင်ချီတန်တယ်လို့ သိလိုက်ရတယ်။ Nas နဲ့ Cam’ron တို့ဟာ သူတို့ကြား ကာလကြာရှည် တည်မြဲနေခဲ့တဲ့ beef ကို လူသိရှင်ကြား ရုတ်သိမ်းလိုက်ကြပါပြီ။

Cam’ron ဟာ Nas နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံကို #QB#HARLEM #UwasntThere လို့ ပုံစာတပ်ပြီး Instagram မှာ ဖေဖော်ဝါရီ ၁၉ရက်နေ့က တင်ခဲ့ပါတယ်။

နယူးယောက်မြို့ ရပ်ပ်ပါကြီးနှစ်ယောက်ကြားက beef ဟာ ၁၀နှစ်ကျော်ကျော် ကြာမြင့် တည်မြဲနေခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ Jay Z နဲ့ ယှဉ်ဖိုက်ထားတဲ့ Nas ရဲ့သီချင်းကို Hot 97 ရေဒီယိုက ပေးမဖျော်ဖြေတော့ Nasဟာ Hot 97 ကို ရှောင်သွားတယ်။ အဲ့ဒီ့အချိန်မှာ Nas ဟာ Cam’ron နဲ့ စကားများတယ်။

Nas ဟာ Cam’ron ရဲ့ အယ်လ်ဘမ်ကို ခေါက်သွားပြီး Cam’ron ရဲ့ ကာရံရွတ် skill ကိုလည်း ဘာမှမဟုတ်သလို နှိမ့်ချပြီး ပြောဆိုခဲ့တယ်။ အဲ့ဒီ့ကစပြီး beef တွေဖြစ်ခဲ့တာပါပဲ။

သူတို့နှစ်ယောက်ရဲ့ သဘောထား မတိုက်ဆိုင်မှုတွေ အနည်ထိုင်သွားတာကို တွေ့မြင်ရတာ ကောင်းပါတယ်။

Ref:theboombox

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.