ပိုမြန်တဲ့ ဖိုင်ဘာနက်ဝေါ့ခ် လိုင်းတွေတပ်ဆင်ဖို့ အမေရိကန်ဒေသကြီး ၉ခုကို Google ဖိတ်ခေါ်

google-fiber1.jpeg

 

မြို့ပေါင်း ၃၄မြို့မှာ ပိုမြန်တဲ့ အင်တာနက်ဝန်ဆောင်မှုပေးဖို့အတွက် အဲ့ဒီ့မြို့တွေကို ခံဆောင်ထားတဲ့ မြေအောက်ရထားလိုင်းရှိရာ အမေရိကန်ဒေသကြီး ၉ခုကို  Google ကဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဒီ့ စီမံကိန်းကို ကေဘယ်လ်ကြိုးစက်ရုံတစ်ခုက အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Kansas ပြည်နယ် Kansas Cityမြို့၊  Texas ပြည်နယ် Austin  မြို့ နဲ့ Utah ပြည်နယ် Provoမြို့တွေမှာ ဖိုင်ဘာနက်ဝေါ့ခ် တွေတပ်ဆက်ဖို့ အရင်က Google ဟာ စီစဉ်ထားတာပါ။

ဒီဝန်ဆောင်မှုမှာ တစ်စက္ကန့် 1GB နှုန်း ဒေတာကူးနှုန်းနဲ့ ရရှိနိုင်မှာဖြစ်ပြီး ကေဘယ်လ် ကုမ္ပ္ပ္ပ္ပ္ပ္ပ္ပဏီတွေကနေ ဒီနေ့ လုပ်ငန်းသေးတွေနဲ့ သုံးစွဲသူတွေရနေတဲ့ မြန်နှုန်းထက် အများကြီးသာတယ်လို့ သိရပါတယ်။

မြေအောက်ရထားလိုင်းရှိရာ ဒေသကြီးတွေကို ဖိုင်ဘာနက်ဝါ့ခ် တပ်ဆင်ရာမှာပါဝင်ဖို့အတွက် Google က ပန်ကြားခဲ့တာဖြစ်ပြီး Portland, Atlanta, San Antonio နဲ့ San Jose မြို့တွေအပါအ၀င် မြို့ပေါင်း ၃၄မြို့ပါဝင်ပါတယ်။

Ref:cruxialcio.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.