ဆိုချီအိုလံပစ် ၂၀၁၄၊ ရေခဲပြင်ဟော်ကီ ကွာတားဖိုင်နယ်အဆင့်မှာ အိမ်ရှင်ရှရှားအသင်း ဖင်လန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ

db6769a9859f36e4e6f5431d2e82c6f7_crop_north.jpg

လက်ရှိရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ဆောင်းရာသီအိုလံပစ်ပွဲတော် ဆိုချီ ၂၀၁၄၊ ရေခဲပြင်ဟော်ကီ ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ အိမ်ရှင်ဖြစ်တဲ့ ရုရှားဟော်ကီအသင်းဟာ ဖင်လန်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ပြီး အကြိုဗိုလ်လုပွဲကို ကျောခိုင်းခဲ့ရပါတယ်။

Llya Kovalchuk ရဲ့ အစောဆုံးအဖွင့်ဂိုးနဲ့ ရုရှားအသင်းဦးဆောင်နိုင်ခဲ့ပေမယ့် ဖင်လန်အသင်းရဲ့ တန်ပြန်ကစား အားအောက်မှာ ရုရှားအသင်း ရှုံးနိမ်ခဲ့ရပါတယ်။ ဖင်လန်လက်ရွေးစင်ရေခဲပြင်ဟော်ကီကစားသမားတွေ ဖြစ်တဲ့ ဂျူဟာမက်တီအယ်တိုနန်၊ တီမူးဆီလာနီ နဲ့ မီကေးလ်ဂရန်းလန်း တို့ က အသီးသီးသွင်းယူခဲ့ကြပြီး ဖင်လန်အသင်းကို အကြိုဗိုလ်လုပွဲ အဆင့်သို့ ပို့ ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဖင်လန်ဟာ အစဉ်အလာပြိုင်ဘက် ဆွီဒင်နဲ့ ဆီမီးမှာတွေ့ ဆုံမှာဖြစ်ပြီး၊ တစ်ဖက်ဆီမီးပွဲစဉ်မှာ ကနေဒါလက်ရွေးစင်အသင်းနဲ့ အမေရိကန်ပြည်ထောင်စု တို့ တွေ့ ဆုံမှာဖြစ်ပါတယ်။

USA ဟာ ချက်အသင်းကို ၅-၂ နဲ့ အပြတ်အသတ်အနိုင်ယူခဲ့တာဖြစ်ပြီး၊ လက်ရှိချန်ပီယံ ကနေဒါလက်ရွေးစင် အသင်းက လက်ဗီးယားအသင်းကို ခက်ခက်ခဲခဲကစားကာ ၂-၁ နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ နောက်တန်းကစားသမား ရှီယာဝီလ်ဘာ ရဲ့ အပြင်းရိုက်သွင်းချက်နဲ့ ချန်ပီယံရှစ်ကြိမ်ရရှိထားတဲ့ ကနေဒါတို့  ဆီမီးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်တွေကို အခုလာမယ့် သောကြာနေ့ မှာ ကျင်းပမှာဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ကနေဒါလက်ရွေးစင် ရေခဲပြင်ဟော်ကီအသင်း

Ref: bbc.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.