တစ်ယောက်ထွက် မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ယူလိုက်တဲ့ ဘာစီလိုနာ၊ လေဗာကူဆင်ကွင်းမှာ ဂိုးပြတ်အနိုင်ယူလိုက်တဲ့ PSG -ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်များ

article_img.jpg

ဒီနေ့ မနက် ၂နာရီ ၁၅ မိနစ်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဧည့်သည်အသင်း တွေ ဂိုးပြတ်အနိုင်ရရှိပြီး မထင်မှတ်ထားတဲ့ ရလဒ်တွေ ထွက်ရှိခဲ့ပါတယ်။

မန်စီးတီးရဲ့ အိမ်ကွင်း မှာ လာရောက်ယှဉ်ပြိုင်ရတဲ့ ဘာစ်ီလိုနာအသင်းဟာ မန်စီးတီးကို ၀-၂ ဂိုးနဲ့  အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပယ်လီဂရီနီရဲ့ ကောင်းမွန်တဲ့ နည်းဗျူဟာအောက်မှာ ဘာစီလိုနာအသင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပေမယ့် ပွဲချိန် ၅၂ မိနစ်မှာ မန်စီးတီးကစားသမား ဒီမစ်ချယ်လစ် တိုက်ရိုက်အနီကတ် အပြခံရပြီး ပယ်နယ်တီတစ်လုံး ပေးလိုက်ရတာက မန်စီးတီးကို နစ်နာစေခဲ့တာပါ။ ဒီပယ်နယ်တီကို မက်ဆီက သာသာယာယာ ကန်သွင်းပြီး ဧည့်သည်အသင်းကို ဦးဆောင်ဂိုးရရှိစေခဲ့ပါတယ်။ တစ်ယောက်ထွက်လိုက်ရတဲ့ မန်စီးတီးဟာ ပွဲချိန် မိနစ် ၉၀ မှာ နေဗာ ပေးပို့ တဲ့ ဘောလုံးကို အဲဗက်စ်က လှလှပပ သွင်းယူကာ ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အိမ်ကွင်းမှာ ၀ – ၂ ဂိုးနဲ့ ရှုံးနိမ့်လိုက်ရတဲ့အတွက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ မန်စီးတီးတို့ ရဲ့ အိပ်မက် မှေးမှိန်ခဲ့ရပါတယ်။

တစ်ဖက်ပွဲစဉ်မှာ အိမ်ကွင်းမာကျောတဲ့ ဂျာမနီကလပ် လေဗာကူဆင်ကို ဇလာတန် အီဘရာဟီမိုဗစ်ခ်ျ ဦးဆောင်တဲ့ PSG အသင်းက ၄ ဂိုးပြတ် အနိုင်ယူုခဲ့ပါတယ်။ ဇလာတန်ဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တာကြောင့် ဒီနှစ်ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံး စာရင်းမှာ ရော်နယ်ဒို ( ၉ ဂိုး) ကို ကျော်ဖြတ်ကာ သွင်းဂိုး ၁၀ ဂိုး နဲ့  ဦးဆောင်နိုင်ခဲ့ပါပြီ။ ပွဲချိန် ၅၀ အကျော်မှာ လေဗာကူဆင်ကစားသမား စပါဟစ် ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပြီး PSG အတွက် သွင်းဂိုးတွေကိုတော့ Matuidi ၃ မိနစ်၊ Ibrahimovic ၃၉ မိနစ် (ပင်နယ်တီ)၊ ၄၂ မိနစ်၊ နဲ့  Cabaye ၈၈ မိနစ် တို့ က သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ ဂိုးပြတ်အနိုင်ရရှိခဲ့မှုကြောင့် PSG တို့ ဟာ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ သေချာသလောက်ဖြစ်သွားပြီ ဖြစ်ပါတယ်။

Ref: bbc.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.