Jay Z ကူညီသီဆိုပေးထားတဲ့ Beyonce ရဲ့ ‘Drunk In Love’ သီချင်းဟာ သူ့ဟာနဲ့သူ ပေါက်ပြီးသား သီချင်းတစ်ပုဒ်ပါ။ ဒါကို ခေါင်းတွေလှုပ်ရမယ့် အမြူးသီချင်းတစ်ပုဒ်ဖြစ်အောင် ထပ်ပေါင်းထည့်ဖန်တီးဖို့ T.I. က ဆုံးဖြတ်ခဲ့ပါတယ်။
ဒရမ် စည်းချက်တွေ မတူတော့တာကြောင့် သီချင်းစစချင်းမှာကတည်းက EDM tempo ထဲကိုပစ်ထည့်ခံလိုက်ရမှာပါ။ T.I. ရဲ့ ခပ်မြန်မြန် စတိုင်အတိုင်းပဲ၊ မိုက်ခ် ကိုကောက်ကိုင်ပြီး ကောင်မလေးကို သူချစ်လွန်းလို့ ဘယ်လောက်ထိ လွမ်းမိုးခံရူးသွပ်နေရတယ် ဆိုတဲ့အကြောင်းတွေကို ကာရံတွေရွတ်တော့တာပါပဲ။ နောက်ပိုင်းမှာ သူ့ကိုယ်သူ ထိန်းကွပ်မှာပါ ဆိုတဲ့အကြောင်း သီချင်းမဆုံးခင်ပဲ သိလိုက်ရပါတယ်။
“Now don’t take this as misogyny / Say take this mahagony / And put it all in till it hard to see / And end up in reverse till it hard to breathe,” လို့ T.I. ကဆိုထားပါတယ်။
T.I ရဲ့ ‘Drunk In Love (Remix)’ ကို Click ပြီး နားထောင်နိုင်ပါတယ်။
Ref:theboombox.com