Rick Ross နဲ့ Jeezy တို့နှစ်ယောက် လွန်ခဲ့တဲ့တစ်နှစ်က မမျှော်လင့်ထားတဲ့ တွဲမိခြင်းဟာ မျှော်လင့်ထားတဲ့အတိုင်းပဲ ‘War Ready’ single သီချင်းအတွက် MTV ရိုက်ကူးခဲ့ပါတယ်။ အမျိုးသား ဘတ်စကစ်ဘော အသင်းက လုပ်တဲ့ NBA All-Star Weekend ပြိုင်ပွဲကာလအတွင်း New Orleans မှာ ရိုက်ခဲ့တာဖြစ်ပါတယ်။
Rozay နဲ့ Jeezy တို့နှစ်ယောက်ရဲ့ အတိုက်အခိုက်ရပ်စဲခြင်းဟာ အပြင်ပန်းသက်သက် ပုံတော့ မပေါက်ပါဘူး။ ရိုက်ကူးရေးနောက်ကွယ်က ဓာတ်ပုံတွေ ကြည့်ရတာ သူတို့နှစ်ယောက် အတော်လေး ပြေပြေလည်လည် ဖြစ်နေကြတဲ့ပုံပါပဲ။ T.I. ရဲ့ကျေးဇူးနဲ့ Ross နဲ့ Jeezy တို့နှစ်ယောက်ဟာ သူတို့ရဲ့ beef ကို ဖိခြေပလိုက်နိုင်ပြီး သူတို့ရဲ့ လေလုံးထွား သီချင်းအတွက် လက်တွဲလုပ်ဆောင်နိုင်ကြပါပြီ။
“အတိတ်က နားလည်မှုလွဲတာတွေ ရှိပေမယ့် တကယ့်ဆရာကြီးတွေအနေနဲ့ ဟစ်ဟော့ပ် ယဉ်ကျေးမှုအတွက် ကြီးကြီးမားမား တစ်ခုခုတော့ လုပ်ရပါမယ်။ ကျွန်တော်တို့နှစ်ယောက် စလုံးထက် ကြီးမားတဲ့ ဟစ်ဟော့ပ် ယဉ်ကျေးမှုအတွက်ပေါ့။” လို့ မကြာသေးမီကလုပ်တဲ့Huffington Post အင်တာဗျူးမှာ Rooss ကရှင်းပြခဲ့ပါတယ်။
‘War Ready’ MTV ဘယ်တော့ထွက်ရှိမယ်ဆိုတာကိုတော့ ပြောကြားသွားခြင်း မရှိပါဘူး။ ဒါပေမဲ့ Rick Ross ရဲ့ ‘Mastermind’ LP ကို မတ်လ ၄ရက်နေ့ကစပြီး ၀ယ်ယူအားပေးနိုင်ပြီလို့ သိရပါတယ်။
Ref:theboombox.com