ဟစ်ပ်ဟော့လောကမှာ ကျော်ထွဋ်ဆွေလို့ ဆိုလိုက်တာနဲ့ Third Generation ရဲ့ အမိုက်စား ရက်ပ်ပါမှန်း အားလုံးသိကြမှာပါ။ လက်ရှိမှာ ကြန့်ကြာနေတဲ့ သူ့အခွေအကြောင်းနဲ့ အသစ်လုပ်ထားတဲ့ အခွေအကြောင်း မေးမြန်းကြည့်တဲ့အခါ ‘အခွေက ပရိုဂျူဆာလုပ်ရမဲ့ အပိုင်းတွေပေါ့နော်။ အခွေကြန့်ကြာနေမှုက ပထမဆုံးအခွေ ဖြစ်တဲ့အတွက် မလုပ်တတ်တာတွေလဲ ပါတာပေါ့နော။် ဆင်ဆာပြီးမှ အပြောင်းအလဲ ဖြစ်သွားတော့ အစကနေ ပြန်ုလုပ်ရတယ်။ ပရိုဂျူဆာနဲ့ ကျွန်တော်နဲ့လဲ လွဲနေတယ်။ သူခရီးသွားရင် ကျွန်တော်က ရန်ကုန်မှာ။ သူရန်ကုန်လာရင် ကျွန်တော်ကခရီးသွားနေတယ်။ ကြားထဲမှာ နဲနဲလေးကြာနေတယ်။ အခွေကြန့်ကြာနေမှုအတွက် ၀မ်းနည်းတယ်။ ပရိသတ်တွေ အားမပေးတော့မှာလဲ ကြောက်မိပါတယ်။ အဲဒီအတွက် ကျွန်တော်ဒုတိယအခွေပါ တွဲပြီးလုပ်နေတယ်။ အချောသွင်းနေပြီ။ ဒီပထမခွေ အမ်တီဗီအခွေနဲ့သိပ်မခြားပဲ ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ Title က အရူးတစ်ယောက်ရဲ့ ဒိုင်ယာရီတဲ့။ ဘာလို့ပေးဖြစ်တာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကိုက အရူးပဲ။ နဂိုကတည်းက ဂဏှာကလဲမငြိမ်ဘူး။ သီချင်းနဲ့ပတ်သတ်ပြီးရင် ရူးတယ်ပေါ့။ ရပ်ကွက်ထဲက အရူးတုန်းက ရပ်ကွက်ပုံစံတွေများတယ်။ အရူးတစ်ယောက်ရဲ့ဒိုင်ယာရီကျတော့ ကျွန်တော့်ဘ၀ရဲ့ အကြောင်းတွေ အများကြီးပါလိမ့်မယ်ဗျ။ သီချင်းအားလုံးက ကျွန်တော်ကိုယ်တိုင်ပဲရေးတာပါ။ ရပ်ကွက်ထဲက အရူး အမ်တီဗီက ဒီမိုကရေစီ အမ်တီဗီတွေ သိပ်မပါဘူး။ သီချင်းနဲ့ လိုက်ဖက်တာလေးတွေပဲ ဦးစားပေးထားပါတယ်။ ကျွန်တော့်သီချင်းတွေက ရိုက်ထားတာလဲကြာပြီဆိုတော့ ဒီဘက်ခေတ်လို သိပ်ဖမ်းစားမယ်လို့တော့ မထင်ဘူး။ အလွန့်အလွန်ဆုံးမှ ယောကျာ်းsexy ပဲပါမယ်။ အဓိက က သီချင်းကိုပဲ လိုက်ြ့ပီးရိုက်ထားပါတယ။် အရမ်းဆန်းတာတွေမပါဘူး။ အရမ်းဆန်းတာတွေက နောက်တစ်ခွေမှာပါဖို့အတွက် ချန်ထားပါတယ်။’လို့ သူက ပြောပြခဲ့ပါတယ်။
အရူးတစ်ယောက်ရဲ့ ဒိုင်ယာရီမှာ ကျွန်တော့် ဘ၀အကြောင်းတွေ အများကြီးပါမယ်လို့ ဆိုတဲ့ ကျော်ထွဋ်ဆွေ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။