နန်းမြတ်ဖြိုးသင်းနဲ့ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု

528711_520753927939990_1159740322_n.jpg

နန်းမြတ်ဖြိုးသင်းလို့ဆိုလိုက်တာနဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတအနုပညာဘက်မှာပါ အနုပညာခြေလှမ်းသွက်သွက်နဲ့ လျှောက်လှမ်းလာသူလေးမှန်း အားလုံးသိပြီးဖြစ်မှာပါ။ သူမဟာ ခုဆိုရင် ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာနဲ့ ဗီစီဒီတွေမှာ ပါဝင်သရုပ်ဆောင်လာသူဖြစ်ပြီး ဂီတလောကမှာလည်း နေရာတစ်နေရာ ရအောင်ကြိုးစားနေသူပါ။ သူမနဲ့တွေ့ဆုံဖြစ်ခိုက် လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း မေးကြည့်တဲ့အခါ  သူမက ‘ခု နန်းမြတ် ကိုဖြိုးငွေစိုးနဲ့ ၀ိဥာဉ်ကယ်တင်ကြသူများဆိုတဲ့ ကားလေးရိုက်ပါမယ။် အဲ့ဒီကားထဲမှာ ကိုဖြိုးနဲ့နန်းမြတ်နဲ့ ကချစ်သူတွေပေါ့။ အရမ်းချစ်ကြတယ်။ နန်းမြတ်က သေသွားပြီးတော့ ကိုဖြိုးနားမှာ စောင့်ရှောက်တဲ့ ၀ိဥာဉ်ဆန်ဆန် ဇာတ်ကားလေးပေါ့။ ဂီတလှုပ်ရှားမှုအနေနဲ့ကတော့ နန်းမြတ် မကွေးတိုင်း စောမှာ သီချင်းသွားဆိုပါမယ်’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.