စီးကွင့်ဆိုတာနဲ့ ပြောင်ပြောင်လက်လက်ဖက်ရှင်ဆိုပြီး တန်းမြင်ကြမှာပါ။ ခုနောက်ပိုင်း ဒီဇိုင်းပေါင်းများစွာနဲ့ ဈေးကွက်ထဲ ရောက်ရှိလာပြီဖြစ်တဲ့ စီးကွင့်စကတ်၊ ဂါဝန်၊ ဘောင်းဘီစတာတွေဟာ ပျိုမေတွေ စိတ်ကြိုက်ဖြစ်စေမယ့် ဒီဇိုင်းမျိုးတွေနဲ့ ဖန်တီးထားတာ ဖြစ်တဲ့အပြင် ထသွားထလာကနေ ပွဲတက်အထိတောင် ဆင်မြန်းနိုင်တာမို့ တစ်ချက်ကြည့်လိုက်ပါဦးနော်။
၁။ပါတီပွဲတွေအတွက် အမိုက်စား ဆင်မြန်းနိုင်မယ့် စကတ်ဒီဇိုင်းပါ။ အတိုတွေ မ၀တ်ရဲဘူးဆိုရင်တော့ ခုလို pencil စကတ်မျိုးကိုတော့ ပျိုမေတွေ နှစ်ခြိုက်ကြမှာပါနော်။
၂။မွေးနေ့ပွဲမျိုးသွားမယ့်သူ၊ ဒင်နာပွဲမျိုးတွေအတွက် အမိုက်စား စီးကွင့် dress ပါပဲ။ အရောင်ကလည်း ရွှေအိုရောင်ဆိုတော့ အားလုံးနဲ့ ကွဲထွက်နေမှာ အသေအချာပါပဲ။
၃။ပွဲတက်ဆိုပေမယ့် ဂါဝန်တွေ၊ စကတ်တွေ ၀တ်ရတာထက် ဘောင်းဘီတိုလေး ၀တ်ချင်တယ်ဆိုရင်တော့ စီးကွင့်ဘောင်းဘီတိုက ပွဲတိုးစေတယ်ဆိုတာ မမေ့နဲ့နော်။
၎။သူငယ်ချင်းတွေနဲ့ အပြတ်ကဲရမယ့် ရှိုးပွဲလိုနေရာမျိုးဆိုရင်တော့ ခုလို ဖက်ရှင်ဒီဇိုင်းမျိုးနဲ့ ကွက်တိပါပဲ။
၅။အခမ်းအနား အကြီးကြီးသွားမှာမဟုတ်ပေမယ့် သူများတွေလည်း ကိုယ့်ကို အာရုံပြုစေချင်တယ်၊ ပေါ့ပေါ့ပါးပါးလည်း ရှိချင်တယ်ဆိုရင် ခုလို စီးကွင့်အင်္ကျံနဲ့ အောက်က အဆင်ပြေမယ့် တစ်ခုခုကို တွဲဝတ်လိုက်ပါ။
Ref:lookbook.nu