အပြင်တစ်ခါသွားတိုင်း အိမ်နားက ဒါမှမဟုတ် ကိုယ်သွားနေကျ ဆံပင်ညှပ်ဆိုင်ကို တစ်ခါပြေးနေရရင် အလုပ်ရှုပ်တဲ့အပြင် တွက်ခြေလည်း ဘယ်ကိုက်တော့မှာလဲ။ အဲ့ဒါကြောင့် အိမ်မှာပဲ ကိုယ့်ဆံပင်သားကို Wave ခပ်များများနဲ့ အလန်းစား ဆံပင်ပုံစံတစ်ခု ဖန်တီးကြည့်ဖို့ ခုလို နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်တယ်နော်။
ပထမဆုံး ဆံပင်ကို ခေါင်းလျှော်ပြီးတာနဲ့ Blow Dry လေးမှုတ်ပြီး ခြောက်အောင် အရင်လုပ်ပါ။ အပူချောင်းနဲ့ လိပ်မှာမို့လို့ ဆံပင်တွေ ပျက်စီးမှာ စိုးတယ်ဆိုရင်တော့ အပူခံ hair coat ဒါမှမဟုတ် စပေရေး တစ်ခုခု ဖြန်ထားပေးလိုက်ပါ။
ပြီးတဲ့အခါ ဆံပင်ကို နှစ်ခြမ်းခွဲလိုက်ပြီး တစ်ခြမ်းချင်းစီက ဆံပင်တွေကို အညီအမျှထပ်မံခွဲလိုက်ပါ။ အပေါ်ဆုံးတစ်လွှာကိုတော့ ချန်ထားဖို့လိုပါတယ်။ အဲ့ဒီနောက်မှာ အပူချောင်းနဲ့ စလိပ်ပေးပါ။ လိပ်တဲ့အခါ ကိုယ်လိုချင်တဲ့ပုံက S ပုံစံမျိုး Wave လား၊ အတွန့်များများလားဆိုတာပေါ် မူတည်ပြီး လိပ်ဖို့လိုပါတယ်။
အဲ့ဒီနောက်မှာတော့ မြင်နေကျစတိုင်လ်တစ်မျိုးနဲ့ ကွဲပြားနေစေဖို့ ကောက်ထားတဲ့ဆံပင်သားကို အပေါ်ဆုံးအလွှာနဲ့ ရောပြီးကလစ်ညှပ်ထားဖို့ လိုပါလိမ့်မယ်။ ကလစ်ညှပ်ထားချိန်ဟာ အနည်းဆုံး မိနစ်(၂၀) မိတ်ကပ်လိမ်းတာမျိုး လုပ်ထားနိုင်သလို သတိထားရမယ့်အချက်ကတော့ ကလစ်ညှပ်တဲ့အခါ ကောက်သားတွေ မပျက်အောင် ဂရုစိုက်ညှပ်ရမှာပါ။
နောက်ဆုံးအဆင့်အနေနဲ့ ဆံပင်အားလုံးကို ဘရက်ရှ်နဲ့ဖြီးလိုက်ပါ။ ဒါမှတောင့်တောင့်ကြီး ဖြစ်မနေတော့ဘဲ ကြည့်ကောင်းမှာပါ။ ပုံသွင်းတဲ့အခါလိမ်းနိုင်တဲ့ ခရင်မ်မျိုးရှိတယ်ဆိုရင်တော့ သေသေချာချာ လိမ်းသွားလိုက်နော်။ ဒါဆို သိပ်မိုက်တဲ့ ဆံပင်ပုံစံနဲ့ အားလုံးရဲ့ အကြည့်ကို ဖမ်းစားနိုင်မှာ အသေအချာပါပဲ။
Ref:cosmopolitan.com