The Pretty Reckless ဟာအမေရိကန်နိုင်ငံ နယူးယောက်မြို့က alternative metal/hard rock ၀ိုင်းတစ်ဝိုင်းဖြစ်ပါတယ်။ လက်ရှိအဖွဲ့ဝင်တွေကတော့ အသက် ၂၀သာရှိသေးတဲ့ မော်ဒယ်လ်၊သရုပ်ဆောင်၊ ရစ်သမ်ဂစ်တာနဲ့ အဆိုတော်ကောင်မလေး Taylor Momsen၊ Ben Phillips (လိဒ်ဂစ်တာ၊ နောက်ခံအဆို)၊ Mark Damon (ဘေစ့်) နဲ့ Jamie Perkins (ဒရမ်) တို့ပဲဖြစ်ပါတယ်။
သူတို့ရဲ့ပွဲဦးထွက် album Light Me Up ကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၃၀ UK မှာထုတ်ခဲ့ပါတယ်။ သူတို့ရဲ့ပထမဆုံး single ကို ၂၀၁၀ ခုနှစ်မေလ ၁၃ ရက်နေ့မှာထုတ်ခဲ့ပြီး အဲဒီ့အထဲက အထင်ရှားဆုံးဖြစ်ခဲ့တဲ့ single Make Me Wanna Die ဟာထွက်ထွက်ချင်းကာလမှာ UK ရဲ့ Rock ဇယားမှာထိပ်ဆုံးရောက်ခဲ့ပါတယ်။ သူတို့ရဲ့ဒုတိယမြောက် EP Hit Me Like a Man ကို ၂၀၁၂ အစောပိုင်းမှာ အရင် album မှာပါပြီးသားသီချင်းနှစ်ပုဒ်ရဲ့ mtv တွေနဲ့အတူထုတ်ခဲ့ပါတယ်။ ၂၀၁၀ မှာတော့ ပွဲဦးထွက် album အောင်မြင်ရေးအတွက် Light Me Up Tour နဲ့ ကမ္ဘာအနှံ့နယ်လှည့်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီ့နယ်လှည့်ဖျော်ဖြေပွဲဟာ ၂၀၁၂ မတ်လ မှာပြီးဆုံးခဲပြီးနောက်မှာတော့ သူတို့အဖွဲ့ဟာ Marilyn Manson နဲ့ Evanescence အဖွဲ့တွေကို support လုပ်တဲ့ The Medicine Tour မှာပါဝင်ခဲ့ပါတယ်။
The Pretty Reckless ရဲ့ဂီတဟန်ကိုတော့ ဝေဖန်ရေးဆရာတွေက alternative metal, hard rock နဲ့ post-grunge ဆိုပြီးနာမည်တပ်ကြပါတယ်။ သူတို့အဖွဲ့ရဲ့ အဓိကပဲ့ကိုင်ရှင်လို့ဆိုရမယ့် Taylor Momsen ဟာ The Beatles အဖွဲ့ကိုလွန်စွာမှကြိုက်နှစ်သက်ခဲ့သူတစ်ဦးလို့ဆိုရပါမယ်။ “ကျွန်မသူတို့ (The Beatles) ကိုစွဲစွဲလမ်းလမ်းဖြစ်နေတာ။ ကျွန်မ Led Zeppelin, The Who, Pink Floyd, Audioslave, Soundgarden, Oasis နဲ့ Nirvana တို့ကိုလည်းကြိုက်ပါတယ်” လို့အဆိုတော် Taylor Momsen ကပြောပါတယ်။
The Pretty Reckless ဟာသူတို့ရဲ့ဒုတိယမြောက် studio album Going To Hell ကို မတ်လ ၁၄ ရက်မှာထုတ်မှာဖြစ်ပါတယ်။ အဲဒီ့ album အတွက် New Jersey ပြည်နယ် Hoboken က Water Music Studios မှာအသံသွင်းခဲ့ပေမယ့် ၂၀၁၂ခုနှစ် အောက်တိုဘာကတိုက်ခတ်ခဲ့တဲ့ Sandy ဟာရီကိန်းမုန်တိုင်းကြောင့် အဲဒီ့ စတူဒီယိုပျက်စီးခဲ့ရပြီး Going to Hell သီချင်းအတွက်အသံသွင်းထားတာတွေနဲ့ စက်ပစ္စည်းတွေဆုံးရှုံးခဲ့ရပါတယ်။ အဲဒီ့နောက်မှာတော့ သူတို့အရင်လုပ်ခဲ့တဲ့သီချင်းဟောင်းတွေကို အသံပြန်သွင်းခဲ့ပါတယ်။
Ref:Wikipedia.org