မနေ့ ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို ၂ – ၀ နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်အသင်းက ၅-၁ ဂိုးနဲ့ အနိုင်ယူခဲ့မှုကို လက်စားပြန်ချေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ် တောင်ပံကစားသမား အဲလက်စ်ချိန်ဘာလိန်ဟာ ဒီပွဲဟာ အကောင်းဆုံးခြေစွမ်းပြကစားသွားပြီး အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့အပြင် ပိုလ်ဒေါစကီး သွင်းယူခဲ့တဲ့ ဒုတိယ ဂိုးကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဂိုးဧရိယာထဲမှာ လီဗာပူးလ်ကစားသမား ဆွာရက်ဇ်ကို ချိန်ဘာလိန် ရဲ့ ကြမ်းကြမ်းရမ်းရမ်း ဖြတ်ထုတ်မှုကို ဒိုင်လူကြီး ဟောင်းဝဒ်ဝက်ဘ်က လျစ်လျူရှုခဲ့လို့ လည်း အာဆင်နယ်အသင်း ကံကောင်းခဲ့ ရတယ်လို့ လီဗာပူးလ်နည်းပြ ဘရိုင်ယန်ရော့ဂျာ က ဆိုပါတယ်။
အာဆင်နယ်ဟာ ဒီပွဲအနိုင်ရရှိခဲ့မှုကြောင့် ကွာတားဖိုင်နယ်အဆင့်မှာ အဲဗာတန်အသင်းနဲ့ တွေ့ ဆုံရမှာ ဖြစ်ပါတယ်။ တစ်ဖက် အက်ဖ်အေပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်စီးတီးက ချယ်လ်ဆီးအသင်းကို ၂ – ၀ နဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဂျိုဗက်တစ် နဲ့ နာဆရီတို့ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
Ref: bbc.com