‘Stronger Than Pride’ MTV ကို ပွဲထုတ်ခဲ့တဲ့ Marsha Ambrosius

microsoft-xbox-one.jpg

 

Sade Aduရဲ့ ၁၉၈၈ခုနှစ်တုန်းက ပေါက်ခဲ့တဲ့ “Stronger Than Pride” classic သီချင်းကို Marsha Ambrosius က ဖန်တီးမှုအားကောင်းလှတဲ့ remixဗီဒီယို တစ်ခု ယူဆောင်လာခဲ့ပါတယ်။

နောက်ကြောင်းပြန်တာကို ပြတဲ့ စိတ်ဝင်စားစရာ နောက်ပြန်ပြကွက် တွေပါတဲ့ အဖြူအနက် ကာလာ MTV တစ်ပုဒ်ပါ။ စကြည့်ကြည့်ချင်းမှာတော့ Ambrosiusဟာ သူ့ရဲ့ ခန့်ညားလှတဲ့ ချစ်သူတဲ့ အခြေအနေကောင်းနေ သလိုပါပဲ။ ဒါပေမဲ့ ဒါဟာ လှည့်ထားတာပါ။

ဇာတ်လမ်းကို အလကားပြောမပြ ချင်ပေမဲ့ သင်ကြည့်ကြည့်မယ်ဆိုရင် ဒီMTVထဲက သစ္စာမဲ့မှု၊ စွဲလမ်းမှု အသေးစိတ်ကို နားလည် လက်ခံသွားမှာပါ။ ချစ်ခြင်းတရားရဲ့ မင်္ဂလာနေ့အကြောင်း ကျွန်တော်တို့ နည်းနည်းတော့ စဉ်းစားစရာ လိုလာပြီပေါ့။

Jeru da Damaja ရဲ့ classic သီချင်းဟောင်းတစ်ပုဒ်ဖြစ်တဲ့ “Come Clean” သီချင်းထဲက စည်းချက်တွေကို ယူသုံးထားပါတယ်။ ဒီသီချင်းကို DJ Premier က တာဝန်ယူ အသံသွင်းပေးခဲ့တာပါ။

Ambrosius ရဲ့ အလှဖန်တီးရှင် ဖန်တီးခဲ့တဲ့ စတိုင်ပုံစံတွေကလည်း လေးစားစရာကောင်းပါတယ်။ Ambrosius ၀တ်ထားတဲ့ ကျောက်စီ Timberland ဘွတ်ဖိနပ်နဲ့ စွယ်တာ ၀တ်စုံတွေက သေလို့ရတယ်။

Marsha Ambrosius ရဲ့ ၀တ္ထုဆန်ဆန် “Stronger Than Pride” MTV ကပြီးပြည့်စုံလှပါတယ်။

Ref:theboombox

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.