အနုပညာအတွက် အရမ်းအတ္တကြီးတယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တဲ့ Lလွန်းဝါ

rs_634x1024-131023090847-634.miley-cyrus-2-outfits.ls_.102313_copy.jpg

ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သလိုဖြစ်နေတဲ့ အဆိုတော်L လွန်းဝါတစ်ယောက် လက်ရှိမှာ သီချင်းခွေပြင်ဆင်နေတယ်လို့ သိရပြီး နိုင်ငံခြားခရီးစဉ်တွေလဲ သွားဖို့ရှိတာကြောင့် သူနဲ့တွေ့ဆုံခိုက် မေးကြည့်ဖြစ်တဲ့အခါ ‘အခုလတ်တလောက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ စင်ကာပူသွားဖို့ရှိတယ်။ သီချင်းတွေကတော့ ပရိသတ်နဲ့ နည်းနည်းလေး အဆက်အသွယ်ပြတ်နေတယ်ပေါ့။ ဧပြီမှာ ဘုရားသီချင်းခွေ တစ်ခွေထွက်ဖို့ရှိတယ်။ ရှိသမျှ အသင်းတော်တွေမှာဆိုထားတဲ့ သီချင်းတွေ ကိုစုထားပြီးတော့မှ တချို့သီချင်းလေးတွေဆိုရင် အောင်မြင်ထားတာလေးတွေပါတယ်။ အဲဒါလေးတွေနဲ့မိသားစုအတွက်တွေ ဆိုထားတယ်။ သမီးလေးတွေအတွက် ဆိုထားတာလေးတွေပါတယ်။ ကျွန်တော်က ဖြစ်ချင်တာများတယ်။ ဆရာဝန်လဲဖြစ်ချင်တာပဲ။ အနုပညာနဲ့ပတ်သတ်ရင်လဲ ကျွန်တော်က ကျွန်တော်ရေးတဲ့သီချင်းပဲ ကျွန်တော်ဆိုချင်တဲ့အတွက် ကိုယ့်ဟာကိုပဲ ရေးချင်တယ်။ကျွန်တော်က အရမ်းအတ္တကြီးတယ်လေ။ ဘုရားခွေထွက်ပြီးရင် သီတင်းကျွတ်နားနီးရင် ကျွန်တော့ရဲ့ဆရာထူးအိမ်သင် အတွက် ရေးထားတဲ့ သီချင်းခွေထွက်ဖို့ရှိတယ။် တီးတာတွေက ပြီးသွားပြီ။ ဆိုဖို့ပဲကျန်တော့တယ်။ အကျိုးအမြတ်တွေ အားလုံးကိုမယူဘူး။ ကျွန်တော့ဆရာကို ရည်စူးပြီးလုပ်မှာပါ။ ဂီတ အဘိဓာန်လို့ပေးထားတယ်။ ဆရာက ဂီတစာအုပ်တစ်အုပ်လိုပဲ ။ကျွန်တော်သိချင်တာရှိရင် လှန်လိုက်လို့ရတယ်။ ဘာလုပ်လုပ် အဲ့ဒီအထဲမှာ အဖြေအကုန်ရှိတယ်လို့ရည်စူးထားလို့ပါ။ ဆရာ့ကိုရည်စူးထားပေမဲ့ အမေသီချင်းဆိုရင် ကျွန်တော့်အမေနဲ့ ပတ်သတ်တဲ့အကြောင်းကို ကျွန်တော်ရေးတာ၊ သူ့နဲ့ပတ်သတ်ပြီး ရေးတာမဟုတ်ဘူး။ ဒါပေမဲ့ ထူးအိမ်သင်နဲ့အမေနဲ့က ပတ်သတ်မှုရှိတယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ကျွန်တော့်ကလဲ ဆရာ့လိုဖြစ်ချင်တဲ့ ရူးသွပ်မှုမျိုးနဲ့ ဒီအခွေကို အကောင်အထည်ဖော်ထားတာပါ။ တစ်ပုဒ်ပါတဲ့ သီချင်းက ပုလဲသီ တစ်ကွဲစီဆိုတဲ့ သီချင်းလေးပေါ့။ ကျွန်တော့သီချင်းက လူကြီးလူလတ်လောက်ပဲ လူငယ်တွေ သိပ်မကြိုက်ကြဘူး။ အခုဆို ဘာပြန်လုပ်နေရလဲဆိုတော့ ကလေးသီချင်းလေးတွေ ပြန်ရေးကြည့်နေတယ်။ ရေးထားတာလေးတွေရှိတယ်။ ထွက်လိမ့်မယ်။’ လို့ သူက ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.