တက္ကဆက်က hardcore ၀ိုင်း Everyone Dies In Utah ကတော့ Katy Perry ရဲ့မကြာသေးခင်က hit ဖြစ်ခဲ့တဲ့ Unconditionally သီချင်းကို cover ဆို/တီးပြီး ထုတ်လိုက်ပါပြီ။ သူတို့ဝိုင်းဟာ ဒီသီချင်းအတွက်အထူးဗီဒီယိုကိုလဲရိုက်ကူးခဲ့ပတယ်။ သူတို့ဝိုင်းရဲ့စတူဒီယိုအတွင်းရိုက်ကွက်တွေနဲ့ ပရိတ်သတ်တွေရဲ့လှုပ်ရှားမှုမြင်ကွင်းတွေပါဝင်ပါတယ်။
“ပရိတ်သတ်တွေထည့်ရိုက်ရတာတကယ်ပဲမိုက်ပါတယ်။ သူတို့ကျွန်တော်တို့ကိုအများကြီးပေးစပ်ခဲ့တဲ့ အတွက်ကျွန်တော်တို့တစ်ခုခုပြန်ပေးခဲ့နိုင်တယ်လို့ခံစားရပါတယ်” လို့အဆိုတော် Danny Martinez ကပြောပါတယ်။
“ကျွန်တော်တို့ပရိတ်သတ်တွေနဲ့သူငယ်ချင်းတွေကဒီဗီဒီယိုကိုဖန်တီးခဲ့တာပါ။ ကျွန်တော်တို့ရဲ့ချစ်ခြင်းတွေကိုသူတို့နဲ့မျှဝေဖို့ကျွန်တော်တို့စိတ်လှုပ်ရှားနေပါပြီ။ ပျော်ရွှင်စရာ valentine နေ့ဖြစ်ပါစေ” လို့ synth တီးတဲ့ Trey Golden ကပြောပါတယ်။
Everyone Dies In Utah ဟာသူတို့ရဲ့နောက်ဆုံး album Neutral Ground ကိုပြီးခဲ့တဲ့ နိုဝင်ဘာလကထုတ်ခဲ့တာဖြစ်ပါတယ်။
Ref:altpress.com