အယ်လ်ဘမ်အသစ် “Ultraviolence” ကို မေလ(၁)ရက်နေ့မှာ ထွက်ရှိမယ့် Lana Del Rey

lana-del-rey-nicolenodland-650-430.jpg

          သူမရဲ့ fans တွေနဲ့ ဖေဖေါ်ဝါရီလ (၈)ရက်နေ့မှာ တွေ့ဆုံခဲ့တဲ့ Lana Del Rey ကို YouTuebe video “lanadelreyrussia” မှာ တွေ့နိုင်ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ သူမကို အယ်လ်ဘမ်အသစ်နဲ့ပတ်သက်ပြီး ပရိသတ်တစ်ယောက်က “မကြာခင်ထွက်တော့မှာလား” မေးတဲ့အခါ “May 1” လို့ ပြန်ဖြေပေးခဲ့ပါတယ်။

          ဒါပေမယ့် ရက်စွဲအတိအကျကိုတော့ သူမရဲ့ recod က တရားဝင် အတည်ပြုပေးခြင်း မရှိသေးပါဘူး။

          တွေ့ဆုံပွဲဗီဒီယိုထဲမှာ Lana Del Reyဟာ သူမရဲ့ “Ultarviolence” က အလွန်ကောင်းမွန်ကြောင်း အခိုင်အမာ ပြောသွားပါတယ်။ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “Born to Die” ကို မေ့သွားစေနိုင်တဲ့ တစ်ခုလို့ဆိုပါတယ်။ အခုအယ်လ်ဘမ်ဟာ သူမရဲ့ တတိယမြောက်အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။

          ပြီးခဲ့တဲ့ “Born to Die” ဟာ Billboard 200 မှာ နံပါတ်၂အထိ ရောက်ရှိခဲ့တာဖြစ်ပြီး RIAA ရဲ့ ရွှေတံဆိပ်အဖြစ် သတ်မှတ်ခြင်းလည်း ခံခဲ့ရပါတယ်။ ဒုတိယ “Paradise” ကလည်း နံပါတ်၁၀ မှာ နေရာယူထားခဲ့ပါတယ်။

          သူမရဲ့ “Summertime Sadness” ဟာဆိုရင် အမေရိကန်မှာ Hit သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး အတော်လေး လူကြိုက်များရေပန်းစားခဲ့ပါတယ်။ ဒီသီချင်းကို Cedric Gervais က remix ပြန်လုပ်ခဲ့ပြီး အကောင်းဆုံး remix သီချင်းအဖြစ် GRAMMY ဆုရရှိခဲ့ပါတယ်။

          ဒါ့အပြင် မကြာသေးခင်က သူမဟာ “Tropico” လို့အမည်ပေးထားတဲ့ ဇာတ်လမ်းတိုလေးတစ်ခုကို ဒီဇင်ဘာလက ရိုက်ကူးထုတ်လွှင့်ပြီး သရုပ်ဆောင်စွမ်းရည်ကိုလည်း ပြသလိုက်ပါသေးတယ်။ ဒီဇာတ်လမ်းတိုဟာ ၂၇ မိနစ်စာ ရှိပြီး သီချင်းလေးတွေနဲ့ သူမရဲ့ နောက်ခံစကားပြော အသံတို့ ပေါင်းစပ်ပြီး သူမကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။           (ဗီဒီယိုကြည့်ရှုလိုပါက အောက်မှာထည့်သွင်းပေးထားပါတယ်။)

Ref:billboard.com

 

          

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.