မင်းသား Leonardo DiCaprio ဟာ သရုပ်ဆောင်ဇ ပြင်းသူ၊ ရုပ်ရည်ရှိသူ တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ ဆိုးဆိုးရွားရွား အသံကို ပရိသတ်တွေ ကြားချင်လောက်မှာ မဟုတ်ဘူးလို့ Leonardo က ယုံကြည်ထားတဲ့အတွက် ဂီတဆိုင်ရာဇာတ်ကား ရိုက်ကူးဖို့ စာချုပ်မချုပ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
အဆိုအက ဖျော်ဖြေရေး Moulin Rouge ကလပ်မှာ ဖျော်ဖြေတဲ့ Ewan McGregor အဖြစ် Leonadoကို သရုပ်ဆောင်ခိုင်းဖို့ ဆွေးနွေးခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ Leonado ဟာ သီချင်းဆိုပြပြီးတဲ့နောက်မှာတော့ Romeo + Juliet ဒါရိုက်တာ Baz Luhrmann နဲ့ Leonado ဟာ အဲ့ဒီ့ဇာတ်ကားမှာ သရုပ်မဆောင်တာ ကောင်းမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
“ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဂီတဆိုင်ရာဇာတ်ကား ရိုက်ကူးဖို့အတွက် ပြင်ဆင်ထားတာမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ကျွန်တော့်မှာလည်း ခပ်ဆိုးဆိုး အသံရှိတယ် ထင်လို့။” ဆိုပြီး Leonardo ဟာ Variety ကို ပြောကြားခဲ့ပါတယ်။
Ref:starpulse.com