ပြီးခဲ့တဲ့နှစ်တုန်းက Katy Perry ရဲ့ တောတောင်ရှုခင်းနောက်ခံ အရောင်အသွေးစုံ mtv Roar ကိုမြင်ရကြားရခဲ့ပြီးဖြစ်ပါတယ်။ အခု Mariah Carey ကလည်းသူမရဲ့ single သီချင်းသစ်ရဲ့ mtv You’re Mine (Eternal) ထဲမှာတောတောင်ရှုခင်းအရသာမျိုးကိုထပ်တွေ့ကြရမှာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ညကထုတ်လိုက်တဲ့ ဒီဗီဒီယိုမှာ Mariah Carey တစ်ယောက်တောထဲဝင်ပြီး သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ တစ်ခါတရံမှာ အ၀တ်အစားပါပြီး တစ်ခါတရံဝတ်လစ်စလစ်နဲ့သီချင်းကိုသရုပ်ဖေါ်ပါတယ်။
ဒီဗီဒီယိုကို Puerto Rico မှာရှိတဲ့ El Yunque အမျိုးသားသစ်တောထဲမှာရိုက်ထားတာဖြစ်ပါတယ်။
ဒီ MTV ကို single နဲ့တစ်ရက်ထဲထုတ်ခဲ့တာဖြစ်ပြီး Trey Songz ပါဝင်ထားတဲ့ Remix ကို ဖေဖေါ်ဝါရီ ၁၄ မှာထုတ်ဖို့မျှော်လင့်ရပါတယ်။
Ref:billboard.com
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။