အက်ဖ်အေဖလား နောက်တစ်ဆင့်တက်ရောက်နိုင်မယ့်အသင်းက မန်စီးတီးလား၊ ချယ်လ်ဆီး လား။

manchester_city_v_chelsea_fa_cup_2014_by_jafarjeef-d75tce7.jpg

အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့  တွေ့ ဆုံရမှာဖြစ်ပါတယ်။

ဒီည မြန်မာစံတော်ချိန် ၁၁ နာရီ ၄၅ မိနစ် မှာ မန်စီးတီးအသင်းအိမ်ကွင်း အီတီဟတ်ဒ် မှာတွေ့ ဆုံမှာဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူး ဆာဂျီရိုအဂူရို နဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုတို့ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ဒူးခေါင်းဒဏ်ရာကြောင့် ငါးပတ်ကျော်ကြာအနားယူနေရတဲ့ မန်စီးတီး အဓိကကစားသမား နာဆရီ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိပြီး ကွင်းလယ်ကစားသမား ဂါစီယာ လည်း ဒဏ်ရာကနေ သက်သာလာပြီလို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ အိုင်ဗန်နိုဗစ်လည်း ပြန်လည်ပါဝင်မှာဖြစ်ပြီး ဂျွန်တယ်ရီနေရာမှာ ကာဟေးလ်အစားဝင်ကစားမယ်လို့ သိရှိရပါတယ်။

မန်စီးတီးအသင်းဟာ အိမ်ကွင်းပွဲစဉ် ၁၁ ပွဲ လုံးအနိုင်ရရှိခဲ့ပေမယ့် ဒီလအစ ချယ်လ်ဆီးအသင်းနဲ့ တွေ့ ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ တန်ပြန်တိုက်စစ်ကစားကွက်အောက်မှာ ၀-၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ဒီပြိုင်ပွဲဟာ အစဉ်အလာပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုနဲ့ မန်စီးတီးနည်းပြ ပယ်လီဂရီနီ တို့ ရဲ့ ၁၀ ကြိမ်မြောက်တွေ့ ဆုံမှုလည်းဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ ပယ်လီဂရီနီတို့ ဟာ လာလီဂါမှာကတည်းက အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်ခဲ့ပြီး အဲဒီ့အချိန်မှာ ပယ်လီဂရီနီက မာလာဂါ အသင်းကို ကိုင်တွယ်နေခဲ့တာပါ။

စီးတီးနည်းပြ ပယ်လီဂရီနီကတော့ သူ့ ရဲ့ တိုက်စစ်ဆင်ကစားကွက်ပုံစံကို ဆက်သုံးသွားမှာဖြစ်တယ်လို့  ပြောကြားခဲ့ပါတယ်။  မန်စီးတီးအသင်းဟာ လိဂ်ပွဲစဉ် ၂၅ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၆၅ ဂိုးအထိရှိခဲ့ပြီး တိုက်စစ် အားအကောင်းဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိပါတယ်။

မော်ရင်ဟိုကတော့ အသင်းတစ်သင်းထဲနဲ့ ဆက်တိုက်တွေ့ ဆုံမှုဟာ လွယ်ကူမှာမဟုတ်ဘဲ မန်စီးတီးအသင်းကော သူတို့ ပါ ဒီပွဲစဉ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref: bbc.com

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.