BT အားကစားရုပ်သံဌာနက ပထမဆုံးထုတ်လွှင့်မယ့် အက်ဖ်အေ အမျိုးသမီးစူပါလိဂ် (FA WSL) ပွဲစဉ်တွေကို ဧပြီ ၊ ၁၇ ရက်နေ့ မှာ စတင်ကျင်းပမှာပါ။ အဖွင့်ပွဲစဉ် ၁ မှာ လက်ရှိချန်ပီယံ လီဗာပူးလ် အမျိုးသမီးအသင်းနဲ့  ဒီနှစ်မှ ပါဝင်လာတဲ့ မန်စီးတီး အမျိုးသမီးအသင်းတို့ တွေ့ ဆုံကြမှာပါ.
WSL မှာ မနှစ်က ဒုတိယနေရာရရှိခဲ့တဲ့ ဘရစ်စတိုးအကယ်ဒမီအသင်းက ချယ်လ်ဆီးအသင်းနဲ့ တွေ့ ဆုံ မှာဖြစ်ပါတယ်။
အသင်းရှစ်သင်းသာပါဝင်တဲ့ အင်္ဂလန်အမျိုးသမီးစူပါလိဂ်ဘောလုံးပွဲကို ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ဒီနှစ်လိဂ်ကို လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ ဘရစ်စတိုးအကယ်ဒမီ၊ ဘာမင်ဂမ်စီးတီး၊ နော့စ် ကောင်တီ၊ အဲဗာတန် နဲ့ မန်စီးတီး အမျိုးသမီးဘောလုံးအသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဒုတိယတန်းလိဂ် ပါ ဒီနှစ်ပါဝင်လာမှာဖြစ်ပြီး အသင်းဆယ်သင်းအသစ် ထပ်ပါဝင်လာတဲ့ အတွက် WSL 2 ဒုတိယတန်းလိဂ်မှာ အသင်းဆယ့်ရှစ်သင်းရှိလာပြီဖြစ်ပါတယ်။
Ref: starsports.com