American Idol မှာဒိုင်လုပ်မယ့်အစား ဧည့်သည် အကြံပေးသူအဖြစ်သာ လုပ်ခဲ့သင့်ကြောင်း Mariah Carey ကယုံကြည်နေပါတယ်။
Mariah ဟာဒီပြိုင်ပွဲမှာတစ်ရာသီ ဒိုင်လုပ်ခဲ့တာဖြစ်ပြီး လုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ Nicki Minaj နဲ့ပြသနာတက်ခဲ့ပြီး တစ်နှစ်နီးပါးလောက် ဇာတ်လမ်းတွေရှည်ခဲ့တာဖြစ်ပါတယ်။
“ကျွန်မ ဒီ show မှာ ပြင်ပအကြံပေးသူတစ်ယောက်ပဲလုပ်ခဲ့သင့်ပါတယ်။ ကျွန်မ Jimmy Lovine ပဲလုပ်ခဲ့သင့်ပါတယ်” လို့ Mariah က New York ရေဒီယိုဌာန Z100 ကိုပြောပြပါတယ်။
Interscope Records ရဲ့အကြီးအကဲဖြစ်သူ Jimmy Lovine ဟာဒီအစီအစဉ်ရဲ့ ပါရမီရှင် ဂီတသမားတွေအတွက် ပြင်ပအကြံပေးသူအဖြစ် ၂၀၁၁ ကနေ ၂၀၁၃ အထိလုပ်ကိုင်လာတာဖြစ်ပါတယ်။
“ကြမ်းကြမ်းတမ်းတမ်းနဲ့ရိုးသားတဲ့ လူတစ်ယောက်ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီ့ကြမ်းတမ်းမှုဟာ စိတ်ခံစားမှုကိုအခြေခံတာမျိုးမဟုတ်စေရပါဘူး။ ကိုယ့်ကိုကိုယ်ကြီမြတ်အောင်လုပ်ဖို့အတွက်အခြားသူတွေ အပေါ် ကြမ်းတမ်းစရာမလိုပါဘူး” လို့ Lovine ရဲ့လုပ်ဆောင်မှုကိုဝေဖန်ပါတယ်။
“ဒီအရာကို reality show ဖြစ်အောင်လုပ်တာက ကျွန်မပါဝင်ခဲ့တဲ့ရည်ရွယ်ချက်မဟုတ်ပါဘူးလို့ ကျွန်မခံစားမိပါတယ်။ တကယ့် Mariah ကအဲဒီ့မှာလုံးဝရှိမနေခဲ့ပါဘူး” လို့ ပြောသွားပါတယ်။
Ref:starpulse.com