ဆိုးနေကျ အိုင်းလိုင်နာပုံစံတွေနဲ့ ကွဲပြားတဲ့ အိုင်းလိုင်နာ ဆိုးနည်းအသစ်များ

item6.rendition.slideshowvertical.nyfw-beauty-eyeliner-2.jpg

တစ်ခါလာလည်း cat eye ၊ နောက်တစ်ခါလာတော့ မျက်လုံးအနားသတ်အထူ အားလုံးရဲ့ အိုင်းလိုင်နာဆိုးနည်းတွေက ခုဆို တစ်ပုံစံတည်းတောင် ဖြစ်နေပါပြီ။ ဒါ့ကြောင့် အားလုံးနဲ့ ကွဲပြားခြားနားတဲ့ အိုင်းလိုင်နာဆွဲနည်း အသစ်လေးတွေ စမ်းမဆွဲကြည့်ချင်ကြဘူးလား။ မိုက်လည်းမိုက်တယ်၊ ကိုယ်နဲ့လည်း အထာကျမယ်ဆိုရင် ဆွဲကြည့်ရကျိုးနပ်ပြီမို့ နောက်ဆုံးပေါ် အိုင်းလိုင်နာဆိုးနည်းလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

၁။ ဒီဆွဲနည်းကတော့ မျက်လုံးဘေးနားကမှ နားထင်မရောက်တရောက်ထိ ဆွဲရမှာပါ။ အနားသတ်လေးတွေ သေသေသပ်သပ်ဆွဲတတ်ဖို့ပဲ လိုပါတယ်။ အလယ်ကို ဖြည့်စရာမလိုတာမို့ အလုပ်ရှုပ်တောင် သက်သာသေးတယ်နော်။

၂။ဒုတိယဆွဲနည်းကလည်း အမိုက်စားပါပဲ။ မျက်လုံးအောက်အသားကိုပဲ တစ်ဝက်ဆိုးရမှာပါ။ လွယ်လည်းလွယ်တာမို့ ကိုယ်နဲ့လိုက်မလိုက် စမ်းဆွဲကြည့်လိုက်ပါဦး။

၃။မတူညီတဲ့ကာလာတွေကို ခုလို အပေါ်၊ အောက်ခွဲဆိုးကြည့်ခြင်းကလည်း သင့်ရဲ့မျက်လုံးကို ထူးခြားနေစေမှာပါ။ အပေါ်ကို အနက်ရောင်ဆိုးမယ်ဆိုရင် အောက်အသားကို အပြာ၊ အစိမ်း ကြိုက်တဲ့ အရောင် ရွေးချယ်ဆိုးကြည့်လိုက်ပါ။

၎။နံပါတ်(၁)နဲ့ နည်းနည်းလေး ကွဲပြားသွားတာကတော့ ခုဟာကမျက်လုံးအပေါ်ကိုပါ လိုင်နာဆိုးထားတာပါပဲ။ ကျန်တာကတော့ နံပါတ် (၁)တုန်းကလို နားထင်မရောက်တရောက်ထိ လိုင်နာကိုဆိုးထားတာပါပဲ။

၅။ကိုယ်က ပန့်ခ်ဖက်ရှင်ကို နှစ်ခြိုက်တဲ့သူ ဒါမှမဟုတ် ကိုယ့်မှာသွားစရာလာစရာ ဒင်နာ၊ ပါတီပွဲတွေရှိတာမို့ လက်စွမ်းပြချင်ပြီဆိုရင်တော့ ပုံမှပြထားသလို မျက်လုံးရဲ့ဘေးဘက်နှစ်ခုစလုံးကို ခုလိုမျက်တောင်အရှည်မျိုးတွေ ခြယ်သကြည့်ပါ။

၆။လိုင်နာကာလာတွေ ပြောင်းလဲဆိုးကြည့်ချင်းကလည်း ကိုယ့်ရဲ့မျက်နှာသွင်ပြင်ကို တစ်မျိုးပြောင်းသွားစေနိုင်ပါတယ်။

၇။လိုင်နာကို အပေါ်မဆိုးဘဲ အောက်ဘက်ကို ခုလို ထူထူလေးဆိုတာမျိုးလေးကိုလည်း စမ်းဆိုးကြည့်လိုက်ပါ။ မိုက်မှာ သေချာတယ်နော်။

၈။ဒီအိုင်းလိုင်နာဆိုးနည်းကတော့ ကြည့်တော့ဘာမှ မထူးခြားသလိုလိုနဲ့ သေချာကြည့်ရင် အောက်ဘက်လိုင်နာမှာ gap လေးတွေ ခြားနေတာ တွေ့ရမှာပါ။

၉။ပုံထဲက အိုင်းလိုင်နာဆိုးနည်းကတော့ နံပါတ် ၇ မှာ ဖော်ပြထားသလိုပါပဲ။ အပေါ်လိုင်နာကို မဆိုးဘဲ အောက်လိုင်နာကို ထူထူဆိုးချပစ်လိုက်တာမျိုးပါ။ နောက်ထပ်ထူးခြားအောင်တော့ မျက်တောင်တုလေးကို အောက်ဘက်မှာ ပြောင်းတပ်ထားတာပါ။

Ref:luckymag.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.