နယူးကာဆယ်အသင်းမှာ အထူး ခြေစွမ်းပြနေနိုင်တဲ့ ပြင်သစ်ကွင်းလယ်ဖန် တီးရှင် ယိုဟန်ကာဘာယီဟာ ဒီနှစ်နွေ မှာ ပြင်ဆင်မှုအား အထူးကောင်းမွန်နေ တဲ့ ပြင်သစ်လီဂူးကလပ်မိုနာကိုဆီကို ပြောင်းရွေ့ချင်တဲ့အကြောင်း ပြောလာခဲ့ ပါပြီ။ မိုနာကိုအသင်းဟာ ရုရှားဘီလျံနာ ကြီး ဒီမီထရီရဲ့ ကျောထောက်နောက် ခံများကြောင့် ဖဲလ်ကာအို၊ မော်တင်ဟို နဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်တို့လို ထိပ်တန်းက စားသမားများကို ပေါင်သန်း(၁၁၀)အထိ သုံးစွဲခဲ့ပြီးပါပြီ။ ဒါကိုမှ အားမရနိုင်သေး ဘဲ လာမယ့်ဇန်န၀ါရီဈေးကွက်ကာလမှာ နောက်ထပ်လူအင်အားဖြည့်တင်းမှု များ ထပ်မံပြုလုပ်သွားမှာဖြစ်တာကြောင့် နယူးကာဆယ်မှာ ခြေစွမ်းပြနေနိုင်တဲ့ ပြင်သစ်ကွင်းလယ်ဖန်တီးရှင်ကနေ သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ် ပါတယ်။
““မိုနာကိုအသင်းဟာ အင်အားအ လွန်တောင့်တင်းလှတဲ့ အသင်းဖြစ်လာ ဖို့အတွက် အလားအလာရှိနေပါတယ်။ ဒီလိုအသင်းမျိုးမှာ ကစားဖို့အတွက်ကို ဘယ်သူကငြင်းချင်မှာလဲလေ ””လို့ ကာဘာယီပြောခဲ့တာကြောင့် နယူးကာ ဆယ်ပရိသတ်တွေ ဒေါသဖြစ်နေကြပါ ပြီတဲ့။ ကွင်းလယ်မှာ ဂိုးဖန်တီးမှုများပြု လုပ်နိုင်တဲ့အပြင် ကိုယ်တိုင်ဂိုးသွင်းနိုင် တဲ့ ကာဘာယီဟာ ပြစ်ဒဏ်ဘောက တဆင့် တိုက်ရိုက်ဂိုးကန်သွင်းရာမှာလည်း ထူး ချွန်လှသူတစ်ဦးဖြစ်ပါတယ်။ သူ့ကိုအာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ ပြင်ဆင်မှုများပြုလုပ်လျက်ရှိနေကြောင်း သိရှိရပါတယ်။