အင်္ဂလန်အနောက်ပိုင်း ဝေးလ်၊ စကော့တလန်၊ အိုင်ယာလန်မြောက်ပိုင်း တွေမှာ ၁နာရီ ၁၀၈ မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်တာကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ကားလမ်းပိတ်ကျခြင်း၊ မီးရထားထွက်မရခြင်း တွေဖြစ်နေပါတယ်။ နှစ်ရက်တာ မိုးကြီးခြင်းအတွက် ပြင်ဆင်ထားကြပါလို့လည်း ထုတ်ပြန်ထားပါတယ်။
အင်္ဂလန်တောင်ပိုင်းမှာ မိုးရေချိန် ၁ ဒဿမ ၅လက်မ၊ အင်္ဂလန်အနောက်ပိုင်း၊ ဝေးလ်၊ စကော့တလန် နဲ့ အိုင်ယာလန်မြောက်ပိုင်း တွေမှာ မိုးရေချိန် ၂ ဒဿမ ၇၅လက်မ ထိရှိမယ်လို့ ခန့်မှန်းရရှိပါတယ်။
ရေလွှမ်းမှုကာကွယ်ရေးနဲ့ သက်သာရာရစေရေး ကူညီဖို့ အဖွဲ့ဝင် ၆၀၀ တပ်ဖြန့်ထားပြီး အဖွဲ့ဝင် ၁၀၀၀ဟာ အရန်သင့် ရှိနေပါတယ်။
ဘာ့ခ်ရှိုင်ယာ စီရင်စု၊ ဒတ်ချက်ကျေးရွာ က အိမ်ခြေ ၁၇၀၀ခန့်ဟာ သိမ်းစ်မြစ် ဆိုးဆိုးရွားရွား ရေလွှမ်းဒဏ် ရိုက်ခတ်ခံရပြီး လျှပ်စစ်ပြတ်တောက်နေပါတယ်။
Virgin Train မီးရထားကုမ္ပဏီကလည်း မုန်တိုင်းကြောင့်ဖြစ်တဲ့ ပြဿနာတွေကြောင့် ခရီးစဉ်ဖျက်သိမ်းကြဖို့ customerတွေကို အနူးအညွတ်တောင်းပန်ထားပါတယ်။
London Euston မီးရထားကုမ္ပဏီက ခရီးစဉ်တွေကိုလည်း တချိန်တည်းမှာ ရပ်ဆိုင်းထားပြီး အင်္ဂလန်တစ်နိုင်ငံလုံး ၀န်ဆောင်မှုတွေ ချို့ယွင်းနေတယ်လို့ သိရပါတယ်။
Crewe ဘူတာမှာ ဓာတ်ကြိုးတွေ မီးလောင်ပြီးတဲ့နောက်မှာ အင်္ဂလန်မြောက်ပိုင်းဒေသ ချီရှိုင်ယာမှာလည်း မီးရထားဝန်ဆောင်မှုတွေ မရတော့ပါဘူး။
ပြည်သူတွေရဲ့ ရန်လိုမှုကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ ၀န်ထမ်းတစ်ယောက် အလုပ်ထွက်သွားတာလည်း ရှိပါတယ်။
ရေလွှမ်းမှု သက်သာရာရစေရေးအတွက် “ပိုက်ဆံက ကိစ္စမရှိပါဘူး။” လို့ ၀န်ကြီးချုပ်က အာမခံခဲ့တာကြောင့် Cobra Committee ရဲ့ ၀န်ကြီးများအစည်းအဝေးကို မနေ့က ဖေဖော်ဝါရီ ၁၂ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန် အနောက်ပိုင်း ဝေးလ်မှာ တစ်နာရီ ၁၀၈မိုင်နှုန်း လေပြင်းတိုက်လျှက် ရှိတယ်လို့ တိုင်းတာရရှိတဲ့အတွက် “အခြေအနေ ပိုကောင်းမလာခင်၊ ပိုဆိုးနိုင်တယ်။” လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကန်မရွှန်းက သတိပေးပြောကြားခဲ့ပါတယ်။
Ref:dailymail.co.uk