U.S Billboard က သူ့ရဲ့ စိတ်လှုပ်ရှားဖွယ်သတင်းတစ်ပုဒ်အဖြစ် Girl’s Generation ရဲ့ တကျော့ပြန် လှုပ်ရှားမှုကို ဖော်ပြခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တုန်းက Girl’s Generation ရဲ့ ပြန်လည်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ် Billboard က ရေးသားထုတ်လွှင့်ခဲ့ပါတယ်။ သူတို့ရဲ့ title song ဖြစ်တဲ့ “Mr.Mr” ဗီဒီယိုကို ရိုက်ကူးထားပြီးဖြစ်ပါတယ်။ ဒီဗီဒီယိုရဲ့ နောက်ခံကိုတော့ ဆေးရုံတစ်ခုမှာ ရိုက်ကူးထားတာဖြစ်ပြီး သင့်ကိုမြူးကြွစေမယ့် hip-hop နှစ်မျိုးစပ် တီးလုံးလေးတွေနဲ့ စွဲမက်ဖွယ် ဖန်တီးထားပါတယ်။
ပြီးတော့လည်း Girl’s Generation ရဲ့ ထုတ်လွှင့်ပြီးသား သီချင်းတစ်ပုဒ်ဖြစ်တဲ့ “I Got A Boy” ဟာ YouTube မှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကိုအတော်လေး ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က YouTube တေးဂီတ ဆုပေးပွဲမှာလည်း “This Year’s MV” ဆုကို ဆွတ်ခူးထားပါသေးတယ်။
ဒီလိုအောင်မြင်မှုတွေနဲ့ ၂၀၁၃ ကုန်ဆုံးသွားတဲ့အခါ ပရိတ်သတ်အတော်များများက ဒီနှစ်အတွက်ရော သူတို့ဘာတွေများ ထူးထူးခြားခြား ယူဆောင်လာမလဲလို့ သိချင်နေကြပါတယ်။ သူတို့ရဲ့ လေးကြိမ်မြောက် mini album ကိုလည်း ဖေဖေါ်ဝါရီလ ၂၄ မှာ ထုတ်လွှင့်မယ်လို့ သိရပါတယ်။ သူတို့ရဲ့ title song ဖြစ်တဲ့ “Mr.Mr” ကိုတော့ ဒီလ ၁၉ရက်နေ့ကို အွန်လိုင်းမှာ ထုတ်လွှင့်မယ်လို့ သိရပါတယ်။
Ref:kpopstarz.com
ထက်ဆု