Trend Myanmar ၀က်ဘ်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနား

img_2058_resize.jpg

          ပထမဆုံးအနေနဲ့ အဖွင့်အမှာစကားကို Trend Myanmar ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဒေါ်မေသော်မှ Trend Myanmar ပေါ်ပေါက်လာရခြင်းရဲ့ အဓိကရည်ရွယ်ချက်၊ ရှေ့ဆက်လုပ်ဆောင် သွားမယ့် အကြောင်းအရာအကျဉ်းချုပ်နဲ့ ကျေးဇူးတင်စကားများ တက်ရောက်ပြောကြားသွားပါတယ်။ အဲ့ဒီနောက်မှာတော့ မျက်လှည့်ပညာရှင် Black Magic မှ စိတ်လှုပ်ရှား အံ့သြဖွယ် မျက်လှည့်ပြကွက် တချို့ ပြသပြီးနောက်မှာ ဖျော်ဖြေရေးအစီအစဉ်များ အဖြစ် Survival Boy Band အဖွဲ့ ၊ အဆိုတော် မိစန္ဒီနဲ့ Ar-T တို့က တေးသီချင်းများနဲ့ တင်ဆက်ပြသသွားပါတယ်။

          အဲ့ဒီနောက် Marketing Director ဦးမျိုးအောင်မှ ကျေးဇူးတင်စကား ထပ်မံ ပြောကြားပြီး Trend Myanmar တွင် ကြော်ငြာထည့်သွင်းပေးသော Food Land Co., Ltd(Mac Coffee) မှ Mr.Freddy နဲ့ ဦးမင်းနေထွန်း၊ Loi Hein Co., Ltd(M-150) မှ ဦးစိုင်းကျော်ဝင်း နှင့် Mr.Tanakorn ၊ Bangkok Piyavate ဆေးရုံမှ ဦးတင်ထွဋ်လွင်၊ KTZ Co., Ltd (ANY Cream) မှ မမြတ်နှင်းဖြူ ၊ KTZ Co., Ltd (tot'he'ma) မှ ကို ရီအောင်၊ LIME Spa မှ ကိုမျိုးတို့အား အထူးကျေးဇူးတင်စကား ပြောကြားသွားပြီး ဂုဏ်ပြုပန်းစည်းများလည်း ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် Modelများမှ Trend မဂ္ဂဇင်းအား ကိုင်ဆောင်ပြီး Model Show လျှောက်ခြင်း အစီအစဉ်ကိုလဲ ထည့်သွင်းထားပါသေးတယ်။ ဒီပွဲဖြစ်မြောက်ဖို့ အဖက်ဖက်မှ ပါဝင်ကူညီသူများထဲမှာ Model လေးယောက်အား မိတ်ကပ်ပြင်ပေးသော မိတ်ကပ်-ရဲရဲ၊ Trend အဖွဲ့သားများအား ပွဲတက်ရန်အတွက် မိတ်ကပ်ပြင်ပေးသော မိတ်ကပ်-ရှင်မင်းပြည့်တို့ကိုလဲ ကျေုးဇူးတင်ရမှာပါ။ တက်ရောက်ကြတဲ့ ဧည့်သည်များအားလုံးကိုလည်း Trend Myanmar မှ မေတ္တာလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ပါတယ်။ ပွဲအပြီးမှာ “ANY” Skin Care မှလည်း Lucky Draw အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ပါသေးတယ်။

          Trend Myanmar မှာ ပါဝင်တဲ့ ကဏ္ဍတွေကတော့ Music , Movie, Technology, Fashion, LifeStyle, Sport နဲ့ People and planet တို့ဖြစ်ပြီး  သုတသာမက ရသပါပေးစွမ်းနိုင်တဲ့ကဏ္ဍစုံထည့်သွင်းပေးထားပါတယ်။ YGN Style မှာတော့ မိဘပြည်သူများ သိသင့်သိထိုက်တဲ့ လတ်လတ်ဆတ်ဆတ် သတင်းအချို့နဲ့ ဆောင်းပါးများ ပါဝင်ပြီး ကြော်ငြာကဏ္ဍ အသားပေး ထည့်သွင်းထားရှိပါတယ်။ Trend Myanmar မဂ္ဂဇင်းနဲ့ YGN Style ဂျာနယ်နှစ်မျိုးစလုံးဟာ တစ်လတစ်ကြိမ် ထုတ်ဝေတာဖြစ်ပြီး အခကြေးငွေမယူဘဲ “Free” ဖြန့်ဝေတာဖြစ်ပါတယ်။ မဂ္ဂဇင်း မရရှိလိုက်တဲ့ သူတွေအတွက် Trend Myanmar မှာပါဝင်တဲ့ သတင်းအားလုံးကို www.trend.com.mm မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.